ရှေ့ဆက်လျှောက်မယ့်ဂီတခရီးလမ်းအတွက် သိန်း(၃၀၀) ကျော်လက်ဆောင်ရခဲ့တဲ့ ဘင်ဂျမင်

မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲရဲ့ အသံစစ်ဆေးမှုမှာကတည်းက အမာခံပရိသတ်အင်အားတောင့်တင်းခဲ့သူကတော့ ချင်းတိုင်းရင်းသားလေး ဘင်ဂျမင်ဆုန်းပါ။ ပြိုင်ပွဲစဉ်တလျှောက်လုံးမှာလည်း Fans တွေရဲ့ အချစ်ခံရဆုံးသူတစ်ယောက်လို့ ဆိုနိုင်သလို ပြိုင်ပွဲကြီးပြီးဆုံးချိန်မှာလည်း အမာခံပရိသတ်တွေဆီကနေ သိန်း(၃၀၀) ကျော်တန်ကားတစ်စီးလက်ဆောင်ရရှိခဲ့သူပါ။

အရမ်းချစ်ခံရလွန်းတဲ့ ဘင်ဘင်ကတော့ ဒီတစ်ခေါက်မှာလည်း သူရရှိခဲ့တဲ့ တန်ဖိုးကြီးလက်ဆောင်တွေထဲက တစ်ခုကို မျှဝေခဲ့ပါတယ်။ အဲ့ဒါကတော့ ပြိုင်ပွဲပြီးဆုံးချိန်မှာ ဂီတနဲ့ပတ်သက်ပြီး လုပ်ချင်တာတွေမှာ သုံးဖို့အတွက် ပြည်ပရောက် Summers တွေ စုပြီး ပိုက်ဆံသိန်း(၃၀၀) ကျော် လက်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဘင်ဂျမင်ကတော့ ” ကျွန်တော်ပြိုင်ပွဲပြီးတဲ့အချိန်မှာ ကျွန်တော့်ကိုချစ်ပေးအားပေးကြတဲ့ကျွန်တော့်ရဲ့ Summers တွေဆီကနေ မေတ္တာနဲ့ ကျွန်တော်ရှေ့ဆက်ရမည့်အနုပညာလမ်းအတွက်ဆိုပြီး ကျွန်တော့ကို ဆုအကြီးကြီးချထားတာဖြစ်ပါတယ်ဗျာ။ ကျွန်တော့အတွက် ကုန်သွားတဲ့အချိန်တွေ၊အကြံအဉာဏ်တွေနဲ့ ကုန်သွားတဲ့ငွေတွေအတွက် လူကြီးမင်းများအားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ။ ကျွန်တော့်ဘက်ကနေလည်း ဆက်လက်ပြီးတော့အကောင်းဆုံးအစွမ်းကုန်ကြိုးစားသွားပါမယ်ခင်ဗျ။ အားလုံးပဲ ဘုရားသခင်ကောင်းကြီးပေးပါစေ” ဆိုပြီး သူရရှိခဲ့တဲ့ လက်ဆောင်လေးကို မျှဝေခဲ့ပါတယ်။

ဘင်ဂျမင်ကတော့ ပြိုင်ပွဲကြီးပြီးကတည်းက ကိုယ်ပိုင်သီချင်းနှစ်ပုဒ်ထွက်ရှိနိုင်ခဲ့ပြီဖြစ်ပြီး သီချင်းနှစ်ပုဒ်စလုံးကတည်း ပရိသတ်တစ်ခဲနက်အားပေးမှုရရှိခဲ့ပါတယ်။ Fans တွေရဲ့ အစွမ်းကုန်ပံ့ပိုးမှုနဲ့တန်အောင် အကောင်းဆုံးကြိုးစားနေတဲ့ ဘင်ဘင်ကတော့ သီချင်းဆိုပြိုင်ပွဲအားလုံးရဲ့ပြိုင်ပွဲဝင်တွေထဲမှာမှ အချစ်ခံရဆုံးပြိုင်ပွဲဝင်တစ်ယောက်လို့ ဆိုရမှာပါပဲ ပရိသတ်ကြီးရေ…

Source – Benjamin Sum
Rainbow- Cele Gabar

Be the first to comment

Leave a Reply

Your email address will not be published.


*