ကိုယ်ကလူကဲခတ်တော်လို့ ရည်းစားမရတာ ဆိုတဲ့ မင်းသွေးခန့်

Ar-T ရဲ့ ချစ်နေဖို့ သီချင်း music Video နဲ့ ပရိသတ်တွေအားပေးမှု တခဲနက်ရရှိလာသူကတော့ မင်းသွေးခန့်ပါ ။ အနုပညာခြေလှမ်းအစနေနဲ့ MRTV-4 က ပြုလုပ်တဲ့ သရုပ်ဆောင်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အဲဒီကနေတဆင့် ပရိသတ်တွေသတိထားမိလာခဲ့ကြတာဖြစ်ပါတယ် ။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး ဖြစ်ပြီး မိန်းကလေး ပရိသတ်တွေရဲ့ နှလုံးသားကို အပိုင်ရရှိထားတဲ့ မင်းသွေးခန့်ရဲ့ အချစ်ရေးကို ပရိသတ်တွေက အမြဲစောင့်ကြည့်စိတ်ဝင်စားနေတာပါ ။

လတ်တလော ပရိသတ်တွေအားပေးကြမ်းနေတဲ့ Ar-T ရဲ့ music series မှာ အချစ်ကြီးတဲ့ သူတစ်ယောက် နေရာကနေ သရုပ်ဆောင်ထားပေမယ့် အပြင်မှာတော့ အဲ့လိုမဟုတ်ပါဘူးတဲ့ ပရိသတ်ကြီးရေ ..။ အပြင်မှာတော့ ကိုယ်နဲ့အမြင်မတူဘူး တစ်ခုခု စိတ်မကြည်တာ ပင်ပန်းတာရှိရင် Skip လုပ်လိုက်တဲ့လူစားမျိုးဖြစ်ပြီး အဲ့ဒီလောက်ထိ ခေါင်းထဲထည့်ပြီး တောင်အောက်ထဲဝင်မယ့် လူမျိုးမဟုတ်ဘဲ တောင်ပေါ်ကနေ ကြည့်နေတဲ့သူဖြစ်ပါတယ်တဲ့ ။ ရုပ်ရှင်တွေထဲကလို မင်းသားနဲ့မင်းသမီးပေါင်းကို ပေါင်းရမယ်ဆိုတာမျိုးတွေက အပြင်လောကမှာမရှိတော့ ကိုယ့်ကို သစ္စာရှိရင် ချစ်မယ် မရှိရင်လည်း အဲ့လောက်ထိ မွှန်မနေဘူး ကျွန်တော် အဲ့လောက်ထိ အချစ်ကြီးတဲ့သူမဟုတ်ဘူး လို့ ပရိသတ်တွေကိုပြောပြခဲ့ပါသေးတယ် ။

အချစ်ကြီးတဲ့သူမဟုတ်ဘဲ ဦးနှောက်နဲ့တွေးတတ်တဲ့အပြင် လူကဲခတ်တော်တဲ့ထဲမှာပါတဲ့အတွက် သူလိမ်နေလား မလိမ်နေဘူးလားဆိုတာကို သိတဲ့အတွက် ရည်းစားမရတာများတယ်လို့ သူ့ရဲ့ခံစားချက်တွေကိုလည်း ဖွင့်ဟခဲ့ပါတယ် ။ ရင့်ကျက်ပြီး Educated ဖြစ်တဲ့သူကိုကြိုက်ပြီး နေရာတကာ လိုက်ပြော လိုက်တားနေတဲ့ သူမျိုးကိုတော့ သဘောမကျပါဘူးလို့ ဆယ်လီကမ္ဘာအင်တာဗျူးမှာဖြေဆိုခဲ့တာဖြစ်ပါတယ် ။

Source : Exclusive On Cele Gabar
Emily (Cele Gabar)

Be the first to comment

Leave a Reply

Your email address will not be published.


*