ကိုဗစ်ကာလမှာ မိသားစုဝမ်းရေးအတွက် ဆိုင်ကယ်ကယ်ရီထွက်ဆွဲနေရတဲ့ ဟာသသရုပ်ဆောင် လန်ဒန်

လန်ဒန်ကတော့ ပရိသတ်အားပေးမှုရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကိုပိုင်နိုင်စွာသရုပ်ဆောင်နိုင်သလို အသံကြောင့်လဲ ပရိသတ်တွေအကြိုက်တွေ့တဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာလုပ်ငန်းတွေရပ်သွားတဲ့ကိုဗစ် ကာလမှာတော့ လန်ဒန်ဟာ မိသားစု ဝမ်းရေးအတွက် ရုန်းကန်နေရတာပဲဖြစ်ပါတယ်။

ဒန်လန်ဟာ မိသားစုဝမ်းရေးအတွက် ဆိုင်ကယ် ကယ်ရီဆွဲပြီးဖြေရှင်းနေရတာပဲဖြစ်ပါတယ်။ လန်ဒန်က ““အနုပညာသမား တစ်ယောက် ဆိုင်ကယ်ကယ်ရီ ဆွဲနေရပေမယ့် မရှက်ပါဘူး။ ပြောချင်ရင် ပြော .. ကဲ့ရဲ့ တဲ့သူရှိရင် ကဲ့ရဲ့ ကြပါစေ… ကျနော့် ဘ၀ ကျနော်ပဲ သိတယ်။ ကျနော့် မိသားစု အတွက် ကျနော် ပဲ သိတာပါ။ ရိုးသားမှု နဲ့ သမာအာဇီဝ လုပ်စားတာပါ။ COVID-19 ရောဂါ ကြောက်ပေမယ့် ငတ်သေမှာ ကြောက်တော့ အလုပ် လုပ်နေရတယ်” လို့ပြောပြလာခဲ့ပါတယ်။

ကိုဗစ်ကာလမှာ ကျန်းမှာရေးအတွက် စိုးရိမ်ရပေမယ့် မိသားစုဝမ်းရေးအတွက် ဆိုင်ကယ် ကယ်ရီဆွဲနေရတဲ့ လန်ဒန်ရဲ့အကြောင်းလေးကိုဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်ကြီးလဲ Covid ကာလမှာ ကျန်းမာရေးလေးဂရုစိုက်ကြပါဦးနော်။

Swelsone News

Be the first to comment

Leave a Reply

Your email address will not be published.


*