
Myanmar Cele-Cafeပရိသတ်ကြီးရေ နန်းဆုရတီစိုးကတော့ အရွယ်နဲ့မလိုက်အောင်ဆယ်ကျော်သက်တစ်ယောက်လို နုပျိုလှပနေတဲ့ မင်းသမီးတစ်လက်ဆိုတာ အသေအချာပါပဲနော်။အနုပညာလောကမှာလည်း ဆယ်စုနှစ်တစ်ခုအကြာ ထဲကအနုပညာအလုပ်တွေကိုလုပ်ကိုင်ခဲ့တဲ့မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။

နန်းဆုကတော့ အသားအရေအရမ်းကို လှပတဲ့ ရှမ်းတရုတ်ကပြားမလေးတစ်ယောက်ပါနော်။အခုနောက်ပိုင်းမှာ သရုပ်ဆောင်အလုပ်တွေထက် သီချင်းအသစ် Music Video တွေ ဆက်တိုက်ထွက်ရှိကာ သူမရဲ့သီချင်းတွေကို ပရိသတ်တွေကသဘောကျ အားပေးလျက်ရှိတာပဲ ဖြစ်ပါတယ်။ဒါ့အပြင် မကြာသေးမီကလည်းနိုင်ငံခြား
Websiteတွေမှာလည်း ဖော်ပြခြင်းခံရတဲ့မင်းသမီးတစ်လက်ပါ။

ဒီနေ့ကျရောက်တဲ့ စက်တင်ဘာလ ၁၈ရက်နေ့ကတော့ နန်းဆုရတီစိုးရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပြီး ”မွေးနေ့……
အရင်ဆို ပရိတ်သတ်တွေ မိသားစုတွေ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အလှူလုပ်ကြ ပျော်ပျော်ရွှင်ရွှင်ကစားကြ စားကြနဲ့ ဖြတ်သန်းခဲ့တာ ဒီနှစ်မွေးနေ့တော့ stay home ဆိုတော့ အိမ်မှာ မိသားစုနဲ့ပဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတယ်

မွေးနေ့ဆုတောင်းပေးကြသူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်…….ချစ်ရတဲ့သူတွေအားလုံး စိတ်ချမ်းသာကျန်းမာပြီး ကပ်ရောဂါဆိုးကြီးကနေ ကင်းလွတ်ကြပါစေလို့ နန်းဆုက ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင့် .. အားလုံးကို ချစ်တဲ့ .. နန်းဆု❤️”ေိုတဲ့စာလေးနဲ့အတူ မိသားစုနဲ့ဖြတ်သန်းနေတဲ့မွေးနေ့ပုံရိပ်လေးတွေကိုဝေမျှခဲ့တာပါ။ဖတ်ရှုပေးကြတဲ့Myanmar Cele Cafeပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Nansu Yati Soe
Candy -Myanmar Cele-Cafe
Leave a Reply