မှုံနေအောင် လှတဲ့ မော်ဒယ်ကို IPHONE လက်ဆောင်ပေးပြီး ချိန်းတွေ့တဲ့ ဆယ်နှစ်သား

မှုံနေအောင် လှတဲ့ မိန်းကလေးနဲ့ ချိန်းဆိုဒိတ်လုပ်ရတာ တော်တော်များများ ယောက်ကျားသားတွေအတွက် အိပ်မက်ပါ။ မော်ဒယ်တစ်ယောက်လည်း ဖြစ်ကောင်း ဖြစ်မှာပါ။ ဒါပေမယ့် ငယ်ရွယ်တဲ့ ယောက်ကျားလေး တစ်ယောက်ကတော့ ဒီလို မှုံနေအောင် လှတဲ့ အလန်းစား မော်ဒယ်ကို ချိန်းဆိုဒိတ်လုပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် နန်တာပွန်လို့ခေါ်တဲ့ ဒီ ကောင်လေးဟာ အခြားယောက်ကျားလေးတွေလို မဟုတ်ဘူး။ အရွယ်က ဆယ်နှစ်သားလေးပဲ ရှိတဲ့ ယောက်ကျားလေးတစ်ဦးဖြစ်နေပြီး ထိုင်းအလှမော်ဒယ်ကို ချိန်းတွေ့နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီဂျေလည်းဖြစ်ကာ အလှမော်ဒယ်လည်းဖြစ်တဲ့ အင်စတာဂရမ် နာမည်အရ အာကီသီဝိုရာဒါနဲ့ ကောင်လေး နန်တာပွန် ချိန်းတွေ့နိုင်တာအတွက် ပုရိသတွေတော့ မနာလိုဝန်တိုဖြစ်မှာပါပဲ။ ကြားကနေ မနာလို ဖြစ်မယ့် လူတွေလို နန်တာပွန်ကတော့ မဟုတ်ပါဘူး။

လက်တွေ့ကျသူပါပဲ။ ခရစ္စမတ်လက်ဆောင်အနေနဲ့ အာကီကို iPhone X ဝယ်ပေးပြီး ခုလို ယောက်ကျားတိုင်း မနာလိုဖြစ်ရမယ့် ချိန်းဆိုတွေ့တာကို အကောင်အထည် ဖော်လိုက်တာပါ။

ခရစ္စမတ်အကြိုမှာပဲ ဒီလို လက်ဆောင်ပေးပြီး ချိန်းဆိုတွေ့တာကို နန်တာပွန်က အွန်လိုင်းတင်ခဲ့ရာမှာ ချက်ချင်းပဲ လူစိတ်ဝင်စားကာ ပြန့်နှံ့သွားခဲ့ပါတယ်။

“ဒီကနေ့ ကျွန်တော် ကျွန်တော့် ကောင်မလေးကို ရုပ်ရှင်ခေါ်ပြတယ်။ သူ့အတွက် လက်ဆောင်အနေနဲ့ ဘတ် ၄၇၀၀၀ တန်ဖိုးရှိတဲ့ iPhone X ဝယ်ပေးခဲ့တယ်။”လို့ နန်တာပွန်က ရေးသားပါတယ်။

ဒီလို ရေးသားပြီး တင်ခဲ့တဲ့ နန်တာပွန်ရဲ့ ပို့စ်ဟာ ချက်ချင်း ပြန့်နှံ့သွားတာဖြစ်ပေမယ့် အကြောင်းပြချက် မသိရဘဲ ပြန်ဖြုတ်ချခံခဲ့ရပါတယ်။

ဒီဖြစ်ရပ်မှာ ကောင်လေး နန်တာပွန်က မော်ဒယ်နဲ့ ချိန်းဆိုတွေ့တာကို တော်တော်များများက တအံ့တဩနဲ့ မယုံမကြည်ဖြစ်ရပါတယ်။

“ဒါဟာ ငွေက ဘုရင်ဆိုတာ ပြနေတာပဲ။ ချမ်းသာရင် ဘာမဆိုလုပ်လို့ရတယ်။ အလန်းလေးတွေနဲ့တောင် ဒိတ်နိုင်တယ်။ အခုကောင်လေးဟာလည်း ချမ်းသာတာကြောင့် ခုလို ဒိတ်နိုင်တာပါပဲ။”လို့ မှတ်ချက်ပြု ပြောကြပါတယ်။

Via>tgidailynews.com

Be the first to comment

Leave a Reply

Your email address will not be published.


*