သရုပ်ဆောင်နန္ဒာလှိုင် ရဲ့ ညီမဖြစ်သူ နွေးနွေး၏ခင်ပွန်းဖြစ်သူ ကိုဗစ်-၁၉ဖြင့် ကွယ်လွန်ကြောင်း အတည်ပြုပြောဆို

နွေးနွေး၏ ခင်ပွန်းဖြစ်သူ ဦးငွေဇော်သေဆုံးမှုအတွက် မိသားစုနဲ့ ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်။ ကိုဗစ်ရောဂါဟာ အရွယ်မရွေး လူမျိုး မရွေး ဆင်းရဲ ချမ်းသာမရွေးကူးစက်တတ်တာကြောင့် အထူးဂရုစိုက်ဖို့လိုပါတယ်။ ပရိသတ်ကြီးလဲ ကိုဗစ်ကာလမှာ ကျန်းမာရေးအထူးဂရု စိုက်ကြပါ။ကိုဗစ် ရောဂါ ကတော့ မြန်မာနိုင်ငံမာ ဒုတိယလှိုင်းအနေနဲ့ ပြန်လည်ဖြစ်ပေါ်ခဲ့ပြီး သေဆုံးမှုတွေများနေခဲ့ပါတယ်။

ကိုဗစ်ရောဂါပိုးဟာပျော့ပြီး အကူးမြန်တယ်လို့ ပြောခဲ့ကြပေမယ့် ဒုတိယလှိုင်းမှာတော့ သေဆုံးမှုတွေများလာခဲ့တာပဲဖြစ်ပါတယ်။ ကိုဗစ် ရောဂါဟာ ရောဂါအခံရှိတဲ့ လူနာတွေ အသက်ကြီးတဲ့ လူနာတွေ သေဆုံးမှု မြင့်တက်နေတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူစုစုပေါင်း (၇၅)ဦးရှိပြီပဲဖြစ်ပါတယ်။

ယနေ့မနက်မှာတော့စိတ်မကောင်းစရာသတင်းလေးတစ်ခု မင်းသမီး နန္ဒာလှိုင် ကတင်ခဲ့ပါတယ်။ အဲ့ဒါကတော့ နန္ဒာလှိုင်ရဲ့ ညီမလေးနွေး နွေး ရဲ့ အမျိုးသား ဦးငွေဇော် ကိုဗစ်နဲ့ ဆုံးသွားတာပဲဖြစ်ပါတယ်။ နန္ဒာလှိုင်ရဲ့ ညီမလေးနွေးနွေး နဲ့ သူရဲ့အမျိုးသား ဦးငွေဇော် တို့နှစ်ဦးစ လုံးဟာ ကိုဗစ် ရောဂါပိုးတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ မိနစ်ပိုင်းကမှ ဦးငွေဇော်ဆုံးတဲ့အကြောင်း နန္ဒလှိုင်က တင်ခဲ့ပါတယ်။

Credit :  Swelsone News

Be the first to comment

Leave a Reply

Your email address will not be published.


*