
အသက်အရွယ်နဲ့မလိုက်အောင် နုပျိုနေတဲ့ မင်းသမီး မေကဗျာကတော့ Single Mom လို့တောင်မထင်ရအောင် လူငယ်ဆန်တဲ့ အလှပိုင်ရှင် မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။မေကဗျာကို ဇာတ်လမ်းတွဲတွေထဲမှာလည်း သဘာဝကျတဲ့သရုပ်ဆောင်မှုတွေနဲ့ တွေ့ရသလို အခုအချိန်မှာလည်း ဖေ့ဘွက်ပေ့ချ်တွေမှ တစ်ဆင့် Live တွေမှာ မြင်တွေ့နေရမှာပဲဖြစ်ပါတယ်။
အနုပညာလုပ်ကိုင်ရင်း သမီးလေးနဲ့အတူ အခြားစီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေတဲ့ မေကဗျာတစ်ယောက် မကြာသေးခင်ကမှ ရင်သားအကျိတ်ကိုခွဲစိတ်မှုပြုလုပ်ခဲ့ရပြီး သူမရဲ့အခြေအနေကို ပရိသတ်ကို ပြောပြလာခဲ့တာပါ
မေကဗျာက “သင်္ကြန် မတိုင်ခင်က ရင်သားမှာ အကျိတ် ရှိတာ စမ်းမိသွားတယ်။ အကျိတ်က ကြီးနေပြီ။ ဒါပေမယ့် COVID-19 ကြောင့် ဆေးခန်း ပြဖို့ စောင့်ရင်း အရမ်း ကြီးပြီး မခွဲလို့ မရတဲ့ အနေအထားမျိုး ဖြစ်သွားတယ်။ တစ်မျိုးလုံးက ကင်ဆာ နဲ့ ဆုံးတာ များတော့ စိတ်ပူနေပြီး ချက်ချင်း ဆေးရုံတက် ခွဲစိတ် ကုသမှု ခံယူခဲ့တယ်။ ကံကောင်းတာက ကင်ဆာ မဖြစ်ခဲ့ဘူး” လို့ ပြောလာခဲ့တာပါ
“အမှန်တကယ်တော့ မေကဗျာကမကြောက်တတတ်လို့ တကယ်ကကြောက်ရမှာ မေကဗျာတို့မျိုးရိုးတစ်ခုလုံးက ကင်ဆာမျိူး အမျိုး ၁၀ ယောက်မှာ ၈ ယောက်က ကင်ဆာနဲ့ ဆုံးကြတာ ဘေးပတ်ဝန်းကျင်မှာလည်း ကင်ဆာနဲ့ဆုံးတာ အများကြီးပဲ အမေ့ကို အစကမပြဘူး နောက်အဲ့ဒီအကြိတ်လေးကို ကိုင်ကြည့်ခိုင်းလိုက်တော့ အမေက အရမ်းလန့်သွားတာ သူပဲဆေးရုံတက်ဖို့အကုန်စီစဉ်တာ Booking ယူတာကအစ ကဗျာ့အတွက်တော့ ကံကောင်းသွားတာပေါ့ ” လို့ စိတ်ပူပူနဲ့ ဖြတ်သန်းခဲ့ရတဲ့အကြောင်းပြောပြလာခဲ့တာဖြစ်ပါတယ်
မေကဗျာကတော့ ကင်ဆာရောဂါဖြစ်ခါနီး အခြေအနေကြောင့် ခွဲစိတ်ကုသခဲ့ရတဲ့အကြောင်း ပရိသတ်ကို အသိပေးလာခဲ့တာပဲဖြစ်ပါတယ်နော်မေကဗျာအတွက် အားပေးစကားလေးပြောခဲ့ကြပါအုန်း ပရိသတ်ကြီးရေ
Leave a Reply