သမီးလေးအတွက် ဆိုပြီး ဝယ်ပေးဖို့မတတ်နိုင်တဲ့ ဝက်ဝံရုပ်ကြီးကို အမှိုက်ပုံကနေကောက်ပြန်လာခဲ့တဲ့ဖခင်

မိဘတွေဟာ အမြဲသားသမီးတွေရဲ့လိုအင်ဆန္ဒတွေကို သူတို့တတ်နိုင်သလောက်ဖြည့်ဆည်းပေးချင်ကြတာပါပဲလေ ။ ဒီတစ်ခေါက်မှာလည်း Azri Walter အမည်နဲ့ Facebook အသုံးပြုသူတစ်ယောက်က သမီးလေးရဲ့လိုအင်ဆန္ဒပြည့်ဝအောင်ဆိုပြီး တစ်စုံတစ်ယောက်စွန့်ပစ်ခဲ့တဲ့ ဝက်ဝံရုပ်ကြီးကိုနေအိမ်သို့သယ်ပြန်ခဲ့တဲ့ဖခင်တစ်ယောက်အကြောင်း ဝေမျှခဲ့ပါတယ် ။

မလေးရှားနိုင်ငံ ၊ Putrajaya မြို့မှာနေထိုင်လျက်ရှိတဲ့ Azri Walter ဟာ သူ၏အလုပ်ရုံးသို့အသွား မီးပွိုင့်မှာ မီးနီမိလို့ရပ်နေခဲ့တဲ့ဆိုင်ကယ်တစ်စီးကိုတွေ့ခဲ့ပါတယ် ။ ဆိုင်ကယ်သမားက ဝက်ဝံရုပ်ကြီးကိုသယ်ပြန်လာခဲ့တဲ့အတွက် Azri ဟာ စိတ်ဝင်းစားမိခဲ့ပြီး မေးမြန်းစပ်စုခဲ့ပါတော့တယ် ။

ထိုအချိန်မှာတော့ ဆိုင်ကယ်သမားက ‘ ဒီဝက်ဝံရုပ်ကို ကျွန်တော်အလုပ်လုပ်နေတဲ့နေရာမှာ တွေ့ခဲ့တာ ၊ တစ်စုံတစ်ယောက်က အမှိုက်ပုံမှာလာပစ်သွားခဲ့တာပါ ‘ ဆိုပြီး ပြန်ဖြေခဲ့ပါတယ် ။ ထိုနောက် Azri က ကလေးတွေအတွက်လားဆိုပြီး မေးမြန်းခဲ့ချိန်မှာတော့ ဆိုင်ကယ်သမားကချက်ချင်းပြန်မဖြေနိုင်ပဲ ငြိမ်သက်သွားခဲ့ပါတယ် ။ နောက်ဆုံးမှ ‘ ကျွန်တော်တို့မနေ့က အရုပ်ဆိုင်မှာ ဝက်ဝံရုပ်လေးတွေ့ခဲ့တယ် ဒါပေမဲ့ဈေးကြီးလွန်းလို့ မိသားစုစားဝတ်နေရေးအတွက်ထားထားတဲ့ ငွေတွေကိုမသုံးပစ်လိုက်ချင်ဘူးလေ ၊ ဒီရဲ့ဝက်ဝံရုပ်လေးက အကောင်းတိုင်းရှိနေသေးတယ် ၊ ကျွန်တော်ကံကောင်းတာပဲ ၊ ဒါကိုပြန်လျှော်ပြီးရင်တော့ ကျွန်တော့်သမီး အတော်လေးပျော်သွားမှာဗျ ‘ ဆိုပြီး ပြန်ဖြေခဲ့ပါတယ် ။

မီးပွိုင့်မှ အချက်ပြမီး ပြန်စိမ်းသွားခဲ့ချိန်မှာတော့ Azri က ဆိုင်ကယ်သမားကို ‘ အကောင်းဆုံး ဖခင်တစ်ယောက်ပဲ ‘ ဆိုပြီးပြောဆိုကာ နှုတ်ဆက်ထွက်ခွာလာခဲ့ပါတယ် ။ ဖခင်တွေက မိသားစုစားဝတ်နေရေးအတွက် ရှာဖွေနေရရုံသာမက သားသမီးတွေရဲ့လိုအင်ဆန္ဒတွေကိုဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားနေကြသူတွေဖြစ်လို့ ဖခင်တွေရဲ့မေတ္တာတရားက အတော်ကြီးမားလွန်းလှပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment

Leave a Reply

Your email address will not be published.


*