မိန်းကလေးတိုင်းလိုချင်တက်မက်ကြတဲ့ ဝမ်းဗိုက်ပြားပြားချပ်ချပ်လေးကို Challenge လုပ်ပြခဲ့တဲ့ မိန်းကလေး (ရုပ်သံ)

ဝမ်းဗိုက်မှာ အဆီပိုတွေလုံးဝမရှိဘဲ ဗိုက်ပြားပြားချပ်ချပ်လေးရချင် ၊ ပိုင်ဆိုင်ချင်ကြတာ မိန်းကလေးတိုင်းလိုလိုရဲ့ အိမ်မက်ပါ ။ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ တရုတ်နိုင်ငံက မိန်းမငယ်လေးဟာ သူမဘယ်လောက်ပိန်ပြီး ၊ ဝမ်းဗိုက်ဘယ်လောက်တောင်ပြားလဲဆိုတာကို video ရိုက်ပြီး Challenge လုပ်ပြခဲ့ပါတယ် ။ Video ထဲမှာတော့ ကောင်မလေးဟာ သူမရဲ့ပြားချပ်နေတဲ့ ဝမ်းဗိုက်ကိုဖော်ပြရုံသာမက ဝမ်းဗိုက်အတွင်း အူတွေ ၊ အကြောတွေကိုမြင်နိုင်လောက်တဲ့အထိ ဝမ်းဗိုက်ကို ကျုံ့ပြခဲ့ပါတယ် ။

ဒါတင်မကသေးပါဘူး သူမဝမ်းဗိုက်အတွင်းဖက်ရှိ အကြောတွေကို စက်ဝိုင်းအတိုင်းလှည့်ပတ်ပြလိုက်ပါသေးတယ် ။ သူမလို တစ်ကယ်လိုက်ပြီး ပိန်နိုင်ဖို့ကမမလွယ်ကူလှပါဘူး ။ သူမရဲ့ video ဟာ ကြည့်ရှုသူအများအပြားရရှိခဲ့တဲ့အပြင် ၊ သူမရဲ့ challenge ကိုတော့ ပြန်လိုက်လုပ်နိုင်မယ့်သူတော့မရှိသေးပါဘူး ။ သူမရဲ့တစ်မူထူးခြားတဲ့စွမ်းရည်တွေကြောင့် ယခုချိန်မှာတော့ social media ပေါ်မှာ အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။

1.

2.

3.

4.

Jasmine (Mckzone Daily)

Via>Newmm.club

Be the first to comment

Leave a Reply

Your email address will not be published.


*