ငါးထောင်တန်တွေ အုပ်လိုက်ကိုင်ပြီး တတ်နိုင်သလောက်လှူနေတဲ့ အလှူရေစက်လက်နဲ့မကွာသူလေးဖြူဖြူထွေး…

ပြည်သူချစ်အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်နေတဲ့ မင်းသမီးချောလေးဖြူဖြူထွေးဟာဆိုရင် ယခုလိုကိုဗစ်ကာလမှာတောင် အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေရတာဖြစ်ပါ တယ်။

ဖြူဖြူထွေးက အနုပညာအလုပ်တွေရှားပါးနေတဲ့ဇာတ်ပို့သရုပ်ဆောင်တွေကိုလည်း သူမနဲ့အတူ ကြော်ငြာရိုက်ကူးစေပါတယ်နော်။ဖြူဖြူထွေးရဲ့ ကြော်ငြာတစ်ချို့မှာဆိုရင်လည်း မိသားစုဝင်တွေကပါ ဝင်ရောက်ပြီး အားဖြည့်ပေးထားကြတာဖြစ် ပါတယ်။

ဖြူဖြူထွေးက ရရှိလာတဲ့အနုပညာကြးတွေကိုလည်း စုဆောင်းပြီး မိသားစုကို လိုလေသေးမရှိအောင်ထားပေးတာဖြစ်ပါတယ်။ဖြူဖြူထွေးရဲ့မိခင် ကလည်းသမီးအလိမ္မာလေးကြောင့် အမြဲစိတ်ချမ်းသာပြီးပျော်ရွှင်နေရတာပါနော်။ဖြူဖြူထွေးက အသက်သာငယ်ပေမယ့် ကိုယ့်ကိုယ်ကိုယ်အားကိုးပြီး ပရိသတ်တွေလက်ခံအားပေးလာအောင် ကြိုးစားနိုင်တဲ့သူလေးဖြစ်ပါတယ်။

ဖြူဖြူထွေးက အလှူအတန်းဆိုရင်လည်း အမြဲလှူဒါန်းနေတာကြောင့် သူမရဲ့စိတ်ဓာတ်လေးကို ပရိသတ်တွေက ချီးကျူးနေကြ တ ာဖြစ်ပ ါတယ်။

အခုဆိုရင်လည်း မင်းသားချော အကယ်ဒမီခန့်စည်သူနဲ့အတူ ချင်းချောင်းနန်းတော်ဝင်းအတွင်းမှာရှိတဲ့ ဝန်ထမ်းတွေကို တစ်နိုင်တစ်ပိုင်လေးလှူဒါန်းခဲ့တာဖြစ်ပါတယ်။အလှူရေစက်လက်နဲ့မကွာဘဲ ယခုလိုကိုဗစ်ကာလမှာတောင် အမြဲလှူဒါန်းနေတဲ့ ဖြူဖြူထွေးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှေ ဝပေး လိုက်ပါ တယ်နော်။

Source:Phyu Phyu Htwe’s Facebook Account

Via>shwethoon8.club

Be the first to comment

Leave a Reply

Your email address will not be published.


*