လက်ထဲမှာ ပိုက်ဆံ ၂၀၀ ပဲရှိရာကနေ အခုလိုရွှေရောင်လွှမ်းတဲ့ တိုက်ကြီးပိုင်ဆိုင်တဲ့အထိ ဖြစ်လာတဲ့အကြောင်းကို ပြောပြလာတဲ့ဇေရဲထက်… (ခမ်းနာလိုက်တဲ့ အိမ်ကြီးပါလား…)

အိမ်ခြေရာမဲ့ဘဝကနေ အခုလို ရွှေရောင်လွှမ်းတဲ့ တိုက်ကြီးကို ပိုင်ဆိုင်နိုင်တဲ့အထိ ကြိုးစားခဲ့ရတဲ့အကြောင်း ပြောပြခဲ့တဲ့ ဇေရဲထက်

ပရိတ်သတ်ကြီးရေ မင်းသားချော ဇေရဲထက်ကတော့ ရုပ်ရှင်ဇာတ်ကားများ ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားပြီး လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ခဏရပ်နားထားတာပဲ ဖြစ်ပါတယ်။ အားလုံးသိပြီးဖြစ်တဲ့အတိုင်း မင်းသားချော ဇေရဲထက်ကတော့ ကိုယ့်အားကိုယ်ကိုးပြီး အောက်ခြေကနေ အခုလို မင်းသားဘဝရောက်တဲ့အထိ ကြိုးစားခဲ့ရတာ ဖြစ်ပါတယ်။

ဇေရဲထက်ကတော့ လက်ထဲမှာ ပိုက်ဆံ ၂၀၀ ပဲရှိရာကနေ အခုလို အောင်မြင်တဲ့အထိ ရုန်းကန်ခဲ့ရပုံကို ပြောပြခဲ့ပါတယ်။ ဇေရဲထက် ပြောခဲ့တာကတော့ ” ကျွန်တော် အရင်ထဲက ပိုက်ဆံမရှိတဲ့ ဒဏ်ကို ခံခဲ့ရဖူးတယ်။ မနက်ဖြန်ဆိုရင် ပိုက်ဆံ ၂၀၀ နဲ့ ဘယ်လိုရပ်တည်မလဲ..အဲ့ဒါမျိုးတွေလည်း ကြုံခဲ့ဖူးတယ်။

ရန်ကုန်မှာဆို ပိုခက်ခဲတယ်။ သရုပ်ဆောင် စဖြစ်ခါစကဆို ခေါက်ဆွဲခြောက်တစ်ထုပ်နဲ့ ကန်စွန်းရွက်လည်း တစ်စည်းနဲ့ပဲ စားစရာရှိတော့တယ်။ ဒါမျိုးတွေလည်း ဖြတ်သန်းခဲ့ဖူးတယ်။

နယ်မှာဆိုလည်း အဲ့လိုပဲ မနက်ခင်းဆိုလည်း ထမင်းကြော်လေးပဲ စားဖို့ ပိုက်ဆံ ၁၅၀ လောက်ကိုပဲ မနည်းချန်ခဲ့ရတာတွေလည်း ရှိတယ်။ အဲ့တော့ ပိုက်ဆံရဲ့ တန်ဖိုးကို သိလာတယ်။အဲ့လို ကြိုးစားရုန်းကန်ခဲ့ရတာတွေ ရှိတယ်။ ပိုက်ဆံလေးရဖို့ကို အလုပ်မျိုးစုံ လုပ်ခဲ့ရတာတွေ ရှိတယ်။ ပိုက်ဆံတွေ စုကြပါ။ လူတိုင်း ဘရန်းဒက်ကို ကြိုက်တယ်။

ပွဲတက်အတွက် ခါးပတ်ဆိုရင် ဘရန်းဒက်တံဆိပ်ကို တစ်ခုစီ ဝယ်ထားလိုက်တယ်။သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပွဲတက်အတွက် မရှိမဖြစ်တော့ ဝယ်ထားလိုက်တယ်။ ထွက်သမျှတော့ လိုက်ဝယ်မနေတော့ဘူး။

ကျွန်တော် ဝယ်လိုက်တဲ့ ဘရန်းဒက် ခါးပတ်တစ်ခုကို ၁၀ သိန်းကျော်မယ်..ရွှေတစ်ကျပ်သားလောက်ရှိတယ်။ ပြန်ရောင်းရင် ရွှေတစ်ကျပ်သားလောက် မရဘူး။ တစ်ကျပ်သားဆိုတာက ရွှေဈေးတက်ရင် တက်သလို ပြန်ရမယ်။ အဓိကက ဘရန်းဒက်တွေ ဝတ်ထားမှ လူအထင်ကြီးမှာလည်း မဟုတ်သလို ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိမှာလည်း မဟုတ်ဘူး။ ကျွန်တော် အောက်ခြေကနေ အခုချိန်ထိ တစ်ဆင့်ချင်းပဲ တက်လာခဲ့တယ်။ ခုချိန်မှာ အလုပ်မလုပ်လည်း ဘာမှမဖြစ်ဘူး။

ငါ တစ်ချိန်တုန်းက ဘယ်လိုနေခဲ့ရတာလဲ ဆိုပြီး ပြန်တွေးလိုက်တယ်။ လက်ထဲ ပိုက်ဆံ ၂၀၀ နဲ့ ခြေသလုံးအိမ်တိုင်ဘဝနဲ့ပဲ နေခဲ့ရတာလေ…အခု အိမ်တွေ အများကြီး ရှိတယ်။ ဘာလုပ်မှာလည်း တော်ပြီပေါ့ ….အဓိကက ကိုယ့်စိတ်ကို ထားတတ်ဖို့ရယ် နောက်တစ်ခုက ပိုက်ဆံကို ၁၀၀ ဝင်ရင် ၁၀၀ လုံး မသုံးပါနဲ့ လို့ ပြောချင်ပါတယ်။

ကျွန်တော်ဆိုရင် သုံးပုံပုံတယ်။ အလှုရယ် ကိုယ်သုံးဖို့ရယ် နောင်ရေးအတွက်ရယ် ” ဆိုကာ သူဖြတ်သန်းလာတဲ့ ဘဝကို ပြောပြရင်း လူငယ်တွေကို အကြံပေးစကားပြောခဲ့တာ ဖြစ်ပါတယ်။

San Kyi par
Via:carsadvices.website

Be the first to comment

Leave a Reply

Your email address will not be published.


*