
ပင်လယ်ဖျံ အများစုဟာ လူနဲ့ တော်ရုံတန်ရုံ မယဉ်ပါးတဲ့ ကုန်းနေရေနေ သတ္တဝါတစ်မျိုးပါပဲ။ သူတို့တွေရဲ့ နဂိုမူလစိတ်ဟာ သားရဲသတ္တဝါစိတ်ရှိတာကြောင့် လူတွေအနားကပ်တာနဲ့ ရန်မူတတ်ကြပါတယ်။ ဒါကတော့ ပင်လယ်ဖျံအများစုပါ။ ရေသတ္တဝါပြတိုက်မှာရှိတဲ့ ပင်လယ်ဖျံတစ်ချို့ကတော့ လူတွေ ယဉ်ပါးအောင် သင်ကြားပေးထားတာကြောင့် လိမ္မာပြီး လူတွေနဲ့ ယဉ်ပါးနေတတ်ပါတယ်။ အခုပြောပြချင်တဲ့ ပင်လယ်ဖျံကလေးကတော့ သူ့သဘာဝအတိုင်း ပင်လယ်ထဲမှာ နေနေပေမယ့် အဆိုပါကမ်းခြေကို လာရောက်လည်ပတ်တဲ့ လူတိုင်းနဲ့ ယဉ်ပါးပြီး ချစ်စရာအပြုအမူလေးတွေကို ပြုလုပ်ပြတတ်တာကြောင့် ဆိုရှယ်မီဒီယာမှာ တော်တော်လေးကို ရေပန်းစားနေကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
အဆိုပါ ပင်လယ်ဖျံကလေးရဲ့ နာမည်ကတော့ Sammy ဖြစ်ပြီး အင်္ဂလန်နိုင်ငံ၊ Dorest ပင်လယ်ကမ်းခြေမြို့လေးမှာ နေထိုင်တာ ဖြစ်ပါတယ်။ အမှန်တစ်ကယ်တော့ Sammy မှာ ပိုင်ရှင်မရှိပါဘူး။ အဆိုပါ ကမ်းခြေမြို့လေးကို လာရောက်လည်ပတ်တဲ့ လူအများစုဟာ Sammy ကို တွေ့ချင်ယုံသက်သက်နဲ့ လာရောက်လည်ပတ်နေတာဖြစ်ပြီး တော်တော်များများက Sammy လို့ နာမည်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ အခုလက်ရှိတွေ့ရတဲ့ ဓာတ်ပုံတွေကို ရိုက်ထားတဲ့ ဓာတ်ပုံဆရာကတော့ Will Badman အမည်ရဓာတ်ပုံဆရာပဲ ဖြစ်ပါတယ်။
Will ဟာ Sammy ရဲ့ ဓာတ်ပုံတစ်ချို့နဲ့ Sammy အကြောင်းကို စိတ်ဝင်စားတာကြောင့် Sammy ကို အလှဓာတ်ပုံရိုက်ချင်တာနဲ့ အခုလို လာရောက်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ Sammy ဟာ COVID 19 ကာလမတိုင်ခင် အစောကတည်းက Weymouth ကမ်းခြေမှာ ပေါ်လာခဲ့တာဖြစ်ပြီး အခုလို COVID 19 ဖြစ်နေတဲ့အချိန်မှာတော့ လူသူကင်းရှင်းလွန်းတဲ့ Dorest ကမ်းခြေကို ရောက်ရှိလာကာ စားကျက်အသစ်မှာ ပျော်မွေ့နေတာပဲ ဖြစ်ပါတယ်။
“Sammy က တော်တော်လေးကို ချစ်ဖို့ကောင်းတဲ့ ကောင်လေးပါပဲ။ လူတွေ့ရင် တစ်ခြားပင်လယ်ဖျံတွေလို ကြောက်လန့်ပြီး ထွက်ပြေးတာမျိုးတွေ မရှိပဲ ခွေးကလေးတွေလို ရင်းနှီးဟန်ပြတတ်ပါတယ်။ သူ့ကို ကျွန်တော်ဓာတ်ပုံရိုက်နေရင်လည်း သိတဲ့ပုံပဲ။ ချစ်စရာကောင်းတဲ့ပုံတွေဖြစ်အောင် တမင်ပို့စ်နေလားလို့တောင် ထင်မှတ်ရပါတယ်။ အခုတော့ Sammy ကို ကြည့်ရှု့စောင့်ရှောက်ပေးနေတဲ့ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေ အများကြီးရှိပါတယ်။ သူ့လောက် လူချစ်လူခင် ပေါများတဲ့ ပင်လယ်ဖျံကို ဘဝမှာ အခုမှ ပထမဦးဆုံး စတွေ့ဖူးတာပါ”လို့ Will က ပြောကြားခဲ့ပါတယ်။
credit-shwemom
Leave a Reply