သူမနာမည်သုံးပြီး မကောင်းတဲ့ ပေ့ချ်အတုတွေလုပ်စားနေတာ ရပ်ပေးဖို့တောင်းဆိုလိုက်တဲ့ ချမ်းမြေ့မောင်ချို (ရုပ်သံ)

“နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။

ချမ်းမြေ့မောင်ချိုက Myanmar Idol သီချင်းဆိုပြိုင်ပွဲတွေကတည်းက မလိုသူတွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ဒီနေ့ဒီအချိန်ထိလည်း အကောင့်တုတွေမျိုးစုံနဲ့ တိုက်ခိုက်နေခြင်းကို ခံနေရရှာတာပဲ ဖြစ်ပါတယ်။

မောင်ချိုကတော့ သူ့ကို တိုက်ခိုက်ထိုးနှက်ကြတာတွေနဲ့ ပက်သတ်ပြီး တစ်ကြိမ်တစ်ခါမှ တုံ့ပြန်ခြင်းမရှိပေမယ့် ဒီနေ့မှာတော့ လုံးဝကို သည်းမခံနိုင်တော့ပဲ ပြောလာခဲ့ပါပြီ။

ချမ်းမြေ့မောင်ချိုက သူမရဲ့ နာမည်နဲ့ ပုံရိပ်ကို အသုံးပြုပြီး အများသူငါ အထင်အမြင်လွဲမှားစေအောင် -ိင်မှုကိစ္စတွေအကြောင်းတင်တဲ့ ပေ့ချ်အတုတွေ၊ အကောင့်အတုတွေကို ထပ်မလုပ်ဖို့ ရှင်းရှင်းလင်းလင်းပြောလာခဲ့ပြီး သူမကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကိုလည်း သူမရဲ့ ပေ့ချ်အသစ်၊ အကောင့်အသစ်တို့ကို သတိထားကြည့်ပေးဖို့ လေးလေးနက်နက် မေတ္တာရပ်ခံလာခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

ချမ်းမြေ့မောင်ချိုကအပင်မြင့်လေ လေတိုက်လေဆိုပင်မဲ့ မခံနိုင်တော့ဘူး။ ကျိုးတော့မယ်အပင်က တကယ်ပဲ စိတ်ပင်ပန်းရတယ်။ ကျန်းမာချမ်းသာကြပါစေဗျာဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Cele Connections

Be the first to comment

Leave a Reply

Your email address will not be published.


*