နေအိမ်ကနေ 5G နည်းပညာနဲ့ အလုပ်လုပ်နေကြတဲ့ မိုင်းတွင်းအလုပ်သမားများ (ရုပ်သံ)

ကူးစက်ရောဂါအခြေအနေတွေကြောင့် အလုပ်သမားအတော်များများဟာ ၎င်းတို့၏နေအိမ်မှာသာ အလုပ်လုပ်ကိုင်ကြဖို့ အကြောင်းဖန်လာပါတော့တယ် ။ သို့ပေမဲ့လည်း ဆောက်လုပ်ရေး နှင့် မိုင်းတွင်းအလုပ်သမားတွေအတွက်ကျတော့ အဆင်မပြေမှုများဖြစ်ပွားခဲ့ရပါတယ် ။

ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ တရုတ်နိုင်ငံရှိ မိုင်းတွင်းအလုပ်သမားများဟာ 5G နည်းပညာနဲ့ နေအိမ်၌သာ သက်သောင့်သက်သာ ၊ အန္တရာယ်ကင်းစွာဖြင့် အလုပ်လုပ်ကိုင်လာကြပါတယ် ။

Henan ပြည်နယ်မှာရှိတဲ့ Sandaozhuang Mine မှ အလုပ်သမားများဟာဆိုရင် 5G network နည်းပညာနဲ့ စက်ယန္တရား နှင့် ယာဉ် တွေကိုထိန်းချုပ်ပြီး အလုပ်လုပ်ကိုင်နေကြတာပါ ။ အလုပ်သမားများအချင်းချင်းထိတွေ့ ဆက်ဆံခြင်းများမရှိတဲ့အပြင် ၊ ယခင်ကထက် သက်တောင့်သက်သာ အလုပ်ချိန်ကြာမြင့်စွာလည်း လုပ်ကိုင်လာနိုင်ကြပါတယ် ။

မိုင်းတွင်းရှိ အချို့သော စက်ယန္တရားများကို ထိန်းချုပ်ပြီးလုပ်ကိုင်နေရပေမဲ့ အချို့စက်တွေ့ကတော့ Auto အလုပ်လုပ်နေလို့ မိုင်းတွင်းကြီးဟာ အလုပ်သမားတွေအပြည့်ဖြင့်အလုပ်လုပ်ကိုင်နေသလိုဖြစ်နေခဲ့ပါတယ် ။ အလုပ်သမားတွေကလည်း 5G နည်းပညာနဲ့ အခန်းတွင်းသာနေထိုင်ပြီး စက်တွေကိုထိန်းချုပ်နေတာဖြစ်တဲ့အတွက် ကြည့်လိုက်ရင်တော့ ဂိမ်းတွေဆော့ကစားနေကြတဲ့အတိုင်းပါပဲ ။

ကူးစက်ရောဂါအခြေအနေတွေကြောင့် ဆောက်လုပ်ရေး နှင့် မိုင်းတွင်းအလုပ်သမားများဟာ အခက်အခဲတွေဖြစ်နေရပေမဲ့လည်း ယခုလို 5G network နည်းပညာက မိုင်းတွင်းအလုပ်တွေကိုအချိန်မြန်ဆန်စွာပြီးဆုံးစေတဲ့အပြင် ၊ အဝေးကနေထိန်းချုပ်နိုင်လို့ အချိန်တိုတိုနှင့်အကျိုးများစေမည့် နည်းလမ်းတစ်ခုလည်းဖြစ်နေပါတယ် ။

Jasmine (Mckzone Daily)
Source: nextshark
Via>newmm.club

Be the first to comment

Leave a Reply

Your email address will not be published.


*