ညရောမနက်ပါဖုန်းဆက်နေကြသူတွေကြောင့် ကြောက်လန့်နေရတယ်ဆိုတဲ့ ရီရီပွင့်ဖြူ

ပရိသတ်ကြီးရေ ..လူတိုင်းအားကျရတဲ့ စုံတွဲလေးလည်းဖြစ်သလို တချိန်ကပရိသတ်တွေအားပေးခဲ့ကြတဲ့ သရုပ်ဆောင်မောင်နဲ့ ရီရီပွင့်ဖြူတို့စုံတွဲလေးကတော့ SEIN PHYO & YI ဆိုတဲ့ Page လေးကနေတဆင့် သူတို့ရဲ့ Activity တွေကို မျှဝေပေးနေခဲ့တာပါ ။ မကြာသေးမီကမှ မောင် လို့ပရိသတ်တွေသိထားတဲ့ စိန်ဖြိုးလှိုင် တစ်ယောက် တူတူမလေးတွေနဲ့အတူ Q ဝင်နေပေးရင်း Covid -19 Postive တွေ့ရှိတဲ့အတွက် ကုသမှုခံယူခဲ့ရပါတယ် ။

ရီရီပွင့်ဖြူကတော့ Negative ပြတဲ့ တူ တူမလေးတွေကို စောင့်ရှောင့်ပေးရင်း သူမကိုယ်တိုင် Q ဝင်ခဲ့ပါတယ် ။ လတ်တလောမှာတော့ သူမဆီဖုန်းတွေဆက်ပြီး ” ဟဲလို မရီလား အစ်မကောင်လေး ကိုဗစ်ဖြစ်တာ ဧရာဝတီကို ဘယ်လိုရောက်သွားတာလဲ ” ဆိုပြီး အသိလဲမဟုတ်ဘဲ ဖုန်းတွေ ထပ်ကာထပ်ကာ ဆက်နေတဲ့အတွက် စိတ်အနှောက်အယှက်ဖြစ်ရကြောင်း သူမရဲ့ မိုင်ဒေးကနေတဆင့် ရေးသားဖော်ပြလာခဲ့ပါတယ် ။

နဂိုထဲက အကြောက်တရားနဲ့နေထိုင်နေရတဲ့အတွက် ဖုန်းစိမ်း တစ်ကော မြင်တာနဲ့ ဘယ်လောက်ရင်တုန်ရလဲ ဆိုတာကို ကိုဗစ်မဖြစ်ဖူးသ၍ နားလည်မယ်မထင်ဘူးလို့လည်း သူမရဲ့ခံစားချက်အချို့ကို ပြောပြလာခဲ့ပါတယ် ။

ညတွေ အိပ်မပျော်ဘူး မနက် (၅) နာရီဆက်ကြတယ် ည (၁၁) နာရီဆက်ကြတယ် အသိလည်းမဟုတ် သူတို့သိချင်တာ မေးဖို့ အခုပြန်လည်းအိပ်မရ ရင်တွေတုန် လက်တွေ တုန်ပြီး တစ်ကိုယ်လုံးအေးစက် ရက်စက်လိုက်တာကြတာဟာ … ဆိုတဲ့စာသားလေးနဲ့အတူ သူမ ကြုံတွေ့နေရတဲ့အခက်ခဲတွေကို ပရိသတ်တွေ ဝေမျှခဲ့တာဖြစ်ပါတယ် ။

Source : Yi Yi Pwin Phyu
Emily (Cele Gabar)
Via:celegabar.com

Be the first to comment

Leave a Reply

Your email address will not be published.


*