
မျိုးကိုကိုစန်းကတော့ ယောကျ်ားဘဝကနေ မိန်းမဘဝကို+ိင်အင်္ဂါကူးပြောင်းထားသူတစ်ယောက်ဖြစ်ပေမယ့် မိန်းကလေးအစစ်တွေအရှုံးပေးရအောင် သွယ်လျလှပတဲ့ခန္ဓာကိုယ်နဲ့ ချစ်စဖွယ်မျက်နှာလေးကို ပိုင်ဆိုင်ထားသူပါ။
အခုလို +ိင်အင်္ဂါပြောင်းတဲ့ခွဲစိတ်မှုကတော့ မြန်မာနိုင်ငံမှာ အရမ်းခေတ်မစားသေးပေမယ့် မျိုးကိုကိုစန်းကတော့ ငယ်စဉ်ကတည်းက ဖြစ်ချင်တဲ့ဆန္ဒတစ်ခုကို ရအောင်ဖန်တီးနိုင်ခဲ့သလို သူ့လိုပြောင်းလဲဖို့စိတ်ဝင်စားသူတွေအတွက် သူ့ရဲ့အတွေ့အကြုံလေးတွေကို မျှဝေခဲ့ပါတယ်။
လိင်ပြောင်းဖို့အတွက် ခွဲစိတ်မှုကိုတော့ ဘန်ကောက်မြို့ Kamol ဆေးရုံမှာလုပ်ခဲ့တာဖြစ်ပြီး သူ့တုန်းက ဒီလိုခွဲစိတ်မှုပြုလုပ်နိုင်ဖို့ ကုန်ကျစိတ်အားလုံးကို အလကားရခဲ့တယ်လို့ ဆိုပါတယ်။
Kmol ဆေးရုံက မြန်မာပြည်ကို ဈေးကွက်ချဲ့ထွင်ချင်တာကြောင့် လူတစ်ယောက်ကို Free ခွဲစိတ်နိုင်ဖို့ စပွန်ဆာပေးခဲ့တာဖြစ်ပြီး (၂၀၁၆) ဒီဇင်ဘာလမှာ သူ့လို့ခွဲစိတ်ချင်သူတွေအားလုံးကို Interview ခေါ်ခဲ့တဲ့အထဲကမှ မျိုးကိုကိုစန်းကတော့ ကံကောင်းစွာနဲ့ ဒီအခွင့်အရေးကို ရရှိခဲ့တာပါ။ +ိင်အင်္ဂါပြောင်းခွဲစိတ်ခြင်းရဲ့ကုန်ကျစရိတ်ကတော့ ဆေးရုံစရိတ်နဲ့ခွဲစိတ်ခ စုစုပေါင်း မြန်မာငွေသိန်း(၁၅၀-၁၈၀) ကြား ကုန်ကျမှာဖြစ်ပါတယ်။
ဒါပေမယ့် မျိုးကိုကိုစန်းကတော့အကုန်လုံးကို အလကား လုပ်ခွင့်ရခဲ့တာမို့ လေယာဉ်လက်မှတ်ဖိုးနဲ့ လူသုံးယောက်(၂၁) ရက်စာ စားစရိတ်ဖိုး(၁၀)သိန်းခန့်သာ ကုန်ကျခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ.. ဘဝမှာ ငယ်ငယ်လေးကတည်းက ဖြစ်ချင်တဲ့ဆန္ဒတစ်ခုကို ငွေကြေးအကုန်ကျနည်းနည်းနဲ့ ဖြစ်ခွင့်ရခဲ့တဲ့ မျိုးကိုကိုစန်းကတော့ တကယ်ကို ကံထူးသူပါပဲ ပရိသတ်ကြီးရေ…
Source – Myo Ko Ko San
Rainbow- Cele Gabar
Via:celegabar.com
Leave a Reply