
နိုင်ငံကျော် သရုပ်ဆောင် ဝေဠုကျော်ကတော့ လက်ရှိ ကိုဗစ်ကာလမှာ ပြည်သူတွေအတွက် လုပ်အားပေးရင်း Covid-19 ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို ကူညီလုပ်ဆောင်ပေးနေတာပဲ ဖြစ်ပါတယ်။ ဝေဠုကျော်ကတော့ မြန်မာတစ်နိုင်ငံလုံးအနှံ့ အခက်အခဲဖြစ်နေတဲ့ နေရာတွေကို ကူညီပေးနေတဲ့ ဝေဠုကျော်က လက်ရှိမှာတော့ ရန်ကုန်မြို့ပေါ်က Covid-19 လူနာတွေကို သက်ဆိုင်ရာ ဆေးရုံတွေဆီ လိုက်လံပို့ဆောင်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ဝေဠုကျော်က (၆)လကျော်တိုင် လုပ်အားပေးခဲ့တဲ့ ဝန်ထမ်းတွေကို ဟော့ပေါ့ဝယ်ကျွေးခဲ့တယ်ဆိုတဲ့အကြောင်း ပြောလာပါတယ်။
“ရန်ကုန်မြို့ကြီး COVID စဝင်ကတည်းက လုပ်အားပေးလာကြပြီး စခန်းစဖွင့်ချိန်က အခုထိ ၆လ ကျော်ကြာအောင် ကြံ့ကြံ့ခံ ဇွဲမလျော့စတမ်း ရင်ဆိုင် တိုက်ပွဲဝင်လာကြတဲ့ ကျွန်တော်တို့စခန်းက ပရဟိတ လုပ်အားရှင်များအား မနေ့ညက ဟောပေါ့ ဝယ်ကြွေး ဖြစ်ပါတယ်။ ကျွန်တော်တို့ ပရဟိတသမားတွေအားလုံး ပင်ပန်းနေကြပေမယ့် အပြုံးမပျက်ကြသေးဘူး။
လက်မလျော့ကြသေးပါဘူး။ အဖွဲ့သားတွေရေ ပင်ပန်းနေကြပေမယ့် ပျော်ရွှင်စွာ အစားကောင်းများ စားပြီးရင်တော့ နောက်မဆုတ်စတမ်း ငဗစ်ကို နိူင်အောင်တိုက်ကြမယ်နော့်။ အသက်အာမခံလဲ အားလုံးထားပြီးကြပြီမို့ ဘုရင့်နောင် ဖောင်ဖျက်တိုက်သလိုပဲ ဇွဲမလျှော့ စတမ်း ကျွန်တော်တို့ အားလုံး လက်တွဲပြီး မိစ္ဆာကပ်ဆိုးကို အနိူင်တိုက်ထုတ်ကြမယ်ဟေ့။” ဆိုပြီး အသင်းသားတွေကို အားပေးလာခဲ့ပါတယ်။
ဝေဠုကျော်ကတော့ သူကိုယ်တိုင်လည်း ကိုဗစ်တိုက်ဖျက်ရေးအတွက် စွမ်းစွမ်းတမံကြိုးစားနေသလို သူ့ရဲ့ အသင်းသားတွေကိုလည်း စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးနေလျက်ရှိပါတယ်။ ဝေဠုကျော်တို့ အသင်းသူ အသင်းသားများနဲ့တကွ စေတနာ့ဝန်ထမ်းများအားလုံး ဘေးဘယာကင်းကွာကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Wai Lu Kyaw Foundation’s fb
Bilie – Cele Connections
Via:celeconnections.com/
Leave a Reply