
zxဒီကနေ့ပြောပြမှာကတော့ ရေမဟုတ်ပဲ ရေနွေးသောက်ခြင်းကနေ ရနိုင်တဲ့ သင်ထင်မှတ်မထားတဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ မနက်ထထချင်းသောက်ရမယ်လို့ပြောချင်တာမဟုတ်ပါဘူး။ ရိုးရိုးရေနေရာမှာ ရေနွေးအစားထိုးသောက်ခြင်းရဲ့ အကျိုးကျေးဇူးကို အဓိကပြောပြပေးသွားချင်တာဖြစ်ပါတယ်။
(၁) ကိုယ်အလေးချိန် လျှော့ချပေးခြင်း
ရေနွေးဟာ ကျန်းမာရေးအတွက် ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းညှိရာမှာ သိပ်ကောင်းပါတယ်။ ဝိတ်ချချင်တဲ့သူတွေအတွက် သတင်းကောင်းပါပဲ။ အကောင်းဆုံးရလဒ်အတွက် ဆိုရင်တော့ မနက်စောစောမှာ ရေနွေးထဲ သံပုရာသီးလေး ထည့်သောက်ပေးတာ ပိုကောင်းပါတယ်။ ရေနွေးဟာ အဆီတစ်ရှူး တွေကို ဖြိုခွဲပေးပါရာမှာ ကူညီပေးပါတယ်။
(၂) နှာခေါင်းနဲ့ လည်ချောင်းကို အထောက်အကူပြုခြင်း
ရေနွေးသောက်ခြင်းဟာ အအေးမိခြင်း ချောင်းဆိုးခြင်းနဲ့ လည်ချောင်းနာခြင်းတို့အတွက် သဘာဝ ဆေးတစ်ခွက် ဖြစ်ပါတယ်။ ရေနွေးဟာ ချွဲပျော်စေပြီး အသက်ရှူ လမ်းကြောင်းမှာ ချွဲပိတ်နေတာတွေကိုလည်း ဖယ်ရှားပေးလို့ လည်ချောင်းနာခြင်းကိုလည်း သက်သာစေပါတယ်။ ဒါ့အပြင် နှာခေါင်းမှာ ပိတ်နေတဲ့ အစုအဝေးတွေကိုပါ ရှင်းလင်းစေပါတယ်။
(၃) ရာသီလာစဉ် ကြွက်သားနာကျင်ခြင်း ကို သက်သာစေခြင်း
ရေနွေးဟာ ရာသီလာခြင်းကြောင့် ဝမ်းဗိုက်ကြွက်သား နာကျင်ခြင်းကို ကျဆင်းစေပါတယ်။ ရေရဲ့ အပူဟာ ဝမ်းဗိုက်ပိုင်းက ကြွက်သားတွေရဲ့ နာကျင်ခြင်းကို လျှော့ချပေးပါတယ်။
(၄) ခန္ဓာကိုယ် အဆိပ်ထုတ်ပေးခြင်း

ရေနွေးဟာ ခန္ဓာကိုယ် အဆိပ်ထုတ်ရာမှာ အထောက်အကူ ပြုပါတယ်။ ရေနွေးသောက်လိုက်ရင် သင့်ခန္ဓာကိုယ် အပူချိန်ဟာ စတင် မြှင့်တက်လာပြီး ချွေးထွက်လာပါတယ်။ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို စွန့်ထုတ်ဖို့ဆိုရင် ချွေးထွက်ဖို့ လိုအပ်ပါတယ်။ သိသာတဲ့ ရလဒ် လိုချင်ရင်တော့ ရေနွေးမသောက်ခင် သံပုရာသီး တစ်စိတ်လောက် ညှစ်ထည့်ပေးလိုက်ပါ။
(၅) အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးခြင်း
သင့်ကို မြန်မြန် အိုမင်းစေတဲ့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ ရေနွေးသောက်ပေးရပါတယ်။ ရေနွေးသောက်ခြင်းဖြင့် ခန္ဓာကိုယ် အရေပြားကို ကျုံ့နိုင်ဆန့်နိုင်တဲ့ ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေပြီး အန္တရာယ်ရှိတဲ့ နေရောင်ဒဏ်ကိုပါ ကာကွယ်ပေးပါတယ်။ ရေနွေးသောက်ခြင်းရဲ့ နောက်ဆက်တွဲ ရလဒ် ကတော့ သင့်ရဲ့ ပျက်စီးနေတဲ့ အရေပြားဟာ ချောမွေ့လာပါလိမ့်မယ်။
(၆) ဝက်ခြံနဲ့ အဖုအပိမ့်ဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း
ရေနွေးဟာ သင့်ခန္ဓာကိုယ်ကနေ ထွက်တဲ့ ဝက်ခြံနဲ့ ဆက်စပ်တဲ့ ရောဂါ အရင်းအမြစ်တွေကို နက်ရှိုင်းစွာ သန့်စင်ပေးပါတယ်။
(၇) ဘောက်ဖြစ်ပေါ်ခြင်းမှ ကာကွယ်ပေးခြင်း
ရေနွေးဟာ သင့်ဦးရေပြားကို ရေဓာတ်ဖြည့်ပေးပြီး ဦးရေပြား ခြောက်သွေ့ခြင်းနဲ့ ဘောက်ဖြစ်ခြင်းတွေကို ဟန့်တားပေးပါတယ်။
(၈) သွေးလှည်ပတ်မှု ကောင်းမွန်စေခြင်း
ရေနွေးသောက်ခြင်းဟာ သွေးလှည်ပတ်မှုကို ကောင်းမွန်စေပြီး အရေးကြီးတဲ့ ကြွက်သားနဲ့ အာရုံကြော လှုပ်ရှားမှုတွေကို အထောက်အကူ ပြုပါတယ်။ သင့်အာရုံကြောစနစ်ကို ကျန်းမာစေပြီး အာရုံကြောစနစ်ပတ်လည်မှာ အဆီစုခြင်း တွေကိုလည်း ဖြိုခွဲပေးပါတယ်။
(၉) အစာချေဖျက်ပေးခြင်း
ရေနွေးဟာ အစာချေခြင်းအတွက် ကောင်းမွန်ပါတယ်။ အစာစားပြီးပြီးချင်း ရေအေးသောက်ခြင်းဟာ အစာမှာပါဝင်တဲ့ အဆီတွေကို ချေဖျက်ဖို့ ခက်ခဲစေပါတယ်။ ဒါဟာ သင့်အူနံရံမှာ အဆီစုစေပြီး အူကင်ဆာကိုတောင် ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ရေအေး နေရာမှာ ရေနွေး အစားထိုး သောက်ပေးရင် ဒီပြသနာကို မေကြုံတွေ့ရတော့ပါလူး။ ရေနွေးဟာ အစာချေခြင်းကိုလည်း အထောက်အပံ့ ပေးပါတယ်။
(၁၀) အူသိမ်အူမ လှုပ်ရှားမှုကို ကူညီပေးခြင်း
အစာချေစနစ်ကောင်းမွန်နေတာဟာ သင့်အူသိမ်အူမ ကျန်းမာရေးကို အထောက်အပံ့ပေးပြီး နာကျင်ခြင်းတွေကို လျှော့ချပေးပါတယ်။ ရေဓာတ်ချို့တဲ့ခြင်းဟာ အူထဲကနေ မစင်စွန့်ဖို့ အူသိမ်အူမ လှုပ်ရှားခြင်းကို နှေးကွေးစေပြီး ဝမ်းချုပ်ခြင်းကို ဖြစ်စေပါတယ်။
ဒါကြောင့် မနက်ခင်း သင့်အစာအိမ်ထဲ ဘာမှ မစားရသေးခင် ရိုးရိုးရေ သို့မဟုတ် ရေနွေး တစ်ခွက်လောက် သောက်ပေးဖို့ အကြံပြုရခြင်းရဲ့ အကြောင်းရင်းပါပဲ။ ရေဟာ အစာအကြွင်းအကျန်တွေကို ဖြိုခွဲပေးပြီး ဒီအစာကျန်တွေကို အူကနေ ချောချောမွေ့မွေ့ နဲ့ နာကျင်ခြင်းကင်းစွာ စွန့်ထုတ်ဖို့ ကူညီပေးပါတယ်။
Via:botauk.com
Leave a Reply