အစွမ်းကုန်ကာကွယ်ပေးနေကျတဲ့ကျန်းမာရေးဝန်ထမ်းများကို ရန်ကုန်မြို့မှာ ဆိုင်းဘုတ်​ထောင်ပြီးဂုဏ်ပြု

ချစ်ရတဲ့ ပရိတ်သတ်ကြီးရေ မြန်မာနိုင်ငံကို ကိုဗစ်ကြီးဝင်ရောက်လာခဲ့တာ (၆)လတောင်ပြည့်ခဲ့ပြီနော်။အားလုံးလည်းအထူးဂရုစိုက်ကြပါ။အတူညီညာလက်တွဲတဲ့ ပေါင်းစုအားနာ မြန်မာ့မြေပေါ်ကနေ မိစ္ဆာဆိုးကြီး ငဗစ်ကို အမြန်ဆုံးတွန်းလှန်တိုက်ထုတ်ကြပါစို့။

ခုလိုကိုဗစ်ကာလမှာ ကျန်းမာရေးဝန်ထမ်းတွေက ရှေ့ဆုံးကနေ ရွက်ရွက်ချွန်ချွန် တိုက်ထုတ်ပေးနေတာကို ပရိတ်သတ်ကြီးလည်း အားလုံးသိကြပြီးဖြစ်မှာပါ။သူတို့တင်တိုက်ထုတ်နေတာတော့မဟုတ်ပါဘူး။တခြား ပရဟိတအသင်းအဖွဲ့တွေ စေတနာ့ဝန်ထမ်းပြည်သူတွေ အတူတကွလက်တွဲပြီး တိုက်ထုတ်နေကြတာပါ။

ငဗစ်တိုက်ပွဲကြီးအောင်မြင်မယ်လို့လဲ အပြည့်အဝယုံကြည်ပါတယ်။ခုလိုကာလမှာ ငဗစ်ကိုတိုက်ဖို့အတွက် အထူးအရေးကြီးတာကတော့ ကျန်းမာရေးဝန်ထမ်းတွေပါ။သူတို့ရဲ့ ဘဝကိုနစ်မြှုပ်ပြီး ကိုဗစ်ကိုတိုက်ထုတ်နေကြတာပါ။

အရမ်းလေးစားဖို့ကောင်းလွန်းပါတယ်။ဘယ်အချိန်ရောဂါပိုးကူးမယ်မှန်းမသေချာတဲ့အခြေအနေပါ သူတို့ကို စာနာရင် အိမ်ထဲမှာပဲ နေပေးကြပါ။တချို့ကျန်းမာရေးဝန်ထမ်းတွေဆို မိသာစစုနဲ့တောင် တွေ့ဖို့မလွယ် သားသမီးနဲ့တွေ့ချင်တာတောင် ပွေ့ဖက်ခွင့်မရ အဝေးကပဲ ကျေနပ်နေရတာပါ။

သူတို့တတွေရဲ့ ပေးဆပ်အနစ်နာခံမှုတွေကို အသိမှတ်ပြုရင် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေကို အထူးလိုက်နာပြီး အိမ်ထဲမှာပဲ နေကြပါလို့ Fb Daily News ပရိတ်သတ်ကြီးကို တောင်းပန်ပါရစေနော်။အတူညီညာလက်တွဲအားနဲ့ မိစ္ဆာဆိုးကြီး ငဗစ်ကို မြန်မာ့မြေပေါ်ကနေ အပြီးတိုင် တိုက်ထုတ်ကြပါစို့….

Writer>> TH (Fb Daily News)

Be the first to comment

Leave a Reply

Your email address will not be published.


*