ဘဝမှာ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ပထမဆုံးထီထိုးပြီး ပထမဆုံးအကြိမ်မှာပဲ ထီပေါက်ခဲ့တဲ့ထွန်းထွန်း

CeleConnections ပရိသတ်ကြီးရေ ထွန်းထွန်းကတော့ ပြည်သူချစ်အနုပညာရှင် အဆိုတော် သရုပ်ဆောင်မင်းသား တစ်လက်ပဲ ဖြစ်ပါတယ်။တစ်ခတ်တစ်ခါက မိန်းကလေးပရိသတ်တွေသာမက ယောကျာ်းလေးပရိသတ်တွေပါ အားပေးခြင်းခံခဲ့ရတဲ့ ယောကျာ်းလေးအဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ” Example ” အဖွဲ့ဝင်တစ်ယောက်ပါ။ သူ့ရဲ့ သီချင်းတွေကိုပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်ခဲ့တဲ့အပြင် သရုပ်ဆောင်ဘက်မှာလည်း အကယ်ဒမီဆုကို ဆွတ်ခူးထားနိုင်သူတစ်ယောက်ပါ။

ဒီနေ့မှာတော့ “ဘဝမှာ ပထမဆုံး အကြိမ်ကိုယ်ပိုက်ဆံနဲ့ကိုယ်ထီထိုးတာ ပထမဆုံးထီပေါက်တယ်။ဆုသေးဆိုပေမယ့်အရမ်းပျော်တယ်.KKTT ရဲ့#WLTTE တွေပျော်ရအောင် ပြောပြတာ.မုဒိတာပွားစေတည်းဗျာ…” ဆိုတဲ့စာလေးနဲ့ ပျော်စရာကောင်းတဲ့ ကိစ္စလေးကို မျှဝေခံစားရစေဖို့ ဖော်ပြပေးခဲ့တာပါ။ ထီထိုးတဲ့သူတွေထဲက မှပေါက်တဲ့သူတွေကတော့ တကယ်ကို ကံဇာတာတက်နေလို့လို့ သတ်မှတ်လေ့ရှိကြတာပါ။

လူပျိုကြီး ကိုကိုထွန်းထွန်းကတော့ ကံဇာတာတွေတက်နေတယ်လို့ဆိုရတော့မှာပါ CeleConnections ပရိသတ်ကြီးရေ။CeleConnectionsပရိသတ်တွေထဲမှာ We Love TunTunတွေရှိရင် မုဒိတာပွားနိုင်ဖို့ဖော်ပြပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ CeleConnectionsပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Htin Aung Tun
Candy-CeleConnections
Via: celeconnections.com

Be the first to comment

Leave a Reply

Your email address will not be published.


*