ဒီနေရာ(၇)ခုမှာ တစ်နေရာလောက် မှဲ့ပါတဲ့သူဆို လုံး၀ လက်လွှတ်မခံပါနဲ့…

မှဲ့ နဲ့ပတ်သက်ပြီး အယူအဆ အမျိုးမျိုးရှိ တတ်ကြပါတယ်။

မှဲ့ တစ်ခုစီတိုင်းမှာ ဘဝနဲ့ ပတ်သက်ပြီး ဖုံးကွယ်ထားတဲ့ မက်ဆေ့ချ် တစ်ခုစီ ရှိပါတယ်လို့ မှဲ့ပညာရှင်တွေက ဆိုထားကြပါတယ် ။

ခန္ဓာကိုယ်ရဲ့ နေရာအမျိုးမျိုးမှာ မှဲ့တွေရှိနိုင်ပြီး အခုဖော်ပြပေးမယ့် နေရာတွေမှာရှိတဲ့ မှဲ့တွေကတော့ ကံကောင်းခြင်းနဲ့ စည်းစိမ်ဥစ္စာ ကြွယ်ဝခြင်းကို ပေးနိုင်ပါတယ်တဲ့ ။

နှုတ်ခမ်းအပေါ်ဘက်မှာ ရှိတဲ့ မှဲ့”

အရမ်းကို ကောင်းတဲ့မှဲ့ တစ်မျိုးဖြစ်ပြီး ရွယ်တူတန်းတူတွေထက် ငွေကြေး၊ အောင်မြင်မှု ပိုမိုရရှိတတ်တဲ့မှဲ့လို့ ဆိုနိုင်ပါတယ် ။ ဒီလိုမှဲ့ပိုင်ရှင်တွေက ခေါင်းနည်းနည်းမာတဲ့ သဘာဝရှိပေမဲ့ ဘာပဲလုပ်လုပ် အရမ်းကို မြန်မြန်ဆန်ဆန် အောင်မြင်တတ်တဲ့ သူတွေ ဖြစ်ပါတယ် ။

နှာခေါင်းပေါ်မှာရှိတဲ့ မှဲ့”

နှာခေါင်းရဲ့တစ်ဘက်တစ်ချက် မှာမှဲ့ရှိနေမယ် ဆိုရင် သေချာပေါက်ချမ်းသာ မယ်ဆိုတဲ့ လက္ခဏာဖြစ်ပါတယ် ။ ဒါပေမယ့် အောင်မြင်မှုနဲ့ ငွေကြေးနှစ်ခုစလုံးက အသက် ၃၀ နောက်ပိုင်း ဒါမှမဟုတ် အိမ်ထောင်ကျပြီးမှသာ ရရှိတတ်ပါတယ် ။ ။

ညာဘက်ပါးပြင်ပေါ်က မှဲ့”

ညာဘက်ပါးပေါ်မှာ ထင်ရှားပြီး ပြတ်သားတိကျတဲ့ မှဲ့တစ်လုံး ရှိမယ်ဆိုရင် အိမ်ထောင်ပြုပြီး နောက်မှာ အရမ်းကို ချမ်းသာကြွယ်ဝ လာမယ်လို့ သိနိုင်ပါတယ်တဲ့ ။

မျက်ခုံး/မျက်လုံးနှစ်ခုကြားက မှဲ့”

မျက်ခုံးနှစ်ခုကြားမှာဖြစ်ဖြစ်၊ မျက်လုံးနှစ်လုံးကြား မှာဖြစ်ဖြစ် မှဲ့တစ်လုံး ရှိမယ်ဆိုရင် ချမ်းသာပြီး ဘဝတစ်ခုကို သာသာယာယာနဲ့ အခြေချ နိုင်မယ့် သူတစ်ဦးဖြစ် ပါလိမ့်မယ် ။ ဘဝမှာ တောင့်တစရာမလို ဘဲ ငွေကြေးပြည့်ပြည့် စုံစုံနဲ့ နေရတတ် ပါတယ်နော် ။

ခါးက မှဲ့”

ခါးရဲ့ဘေး တစ်ဖက် တစ်ချက်မှာ ရှိတဲ့ မှဲ့က ကံကောင်းခြင်းရော ကံဆိုးခြင်းရော နှစ်မျိုးစလုံး ဖြစ်စေနိုင်ပါတယ် ။ ဥစ္စာပစ္စည်း ပြည့်စုံကြွယ်ဝပြီး ကြီးပွားတိုးတက်မှာ ဖြစ်ပေမဲ့ ဘဝရဲ့အချိန်တော်တော် များများမှာ ဝမ်းနည်းစရာ၊ စိတ်မချမ်းမြေ့စရာတွေကြုံရမှာ ဖြစ်ပါတယ် ။

ညာဘက်လက်ဝါးပြင်က မှဲ့”

ညာဘက်လက်ဝါးပြင်မှာ မှဲ့ရှိရင် ဘဝမှာ အောင်မြင်မှုနဲ့ ကြွယ်ဝမှုနှစ်မျိုးလုံး ရနိုင်ပါတယ်။ ဒါပေမဲ့ ကံကောင်းမယ့်အချိန် က လက်ဝါးပြင်ပေါ်က မှဲ့ရဲ့ တည်နေရာအပေါ်မှာမူတည်ပါတယ် ။

မှဲ့က လက်ဝါးရဲ့ အပေါ်ပိုင်းမှာ ရှိနေမယ်ဆိုရင်ငယ် ရွယ် တဲ့အချိန်ကစပြီး အောင်မြင်ပြည့်စုံမှာဖြစ်ပြီး လက်ဝါးရဲ့ အောက်ပိုင်းမှာ ရှိမယ်ဆိုရင် အသက်ရလာတဲ့ အချိန်မှာမှ စည်းစိမ်ဥစ္စာနဲ့ အောင်မြင်မှုတွေ ရရှိနိုင်မှာပဲ ဖြစ်ပါတယ် ။

ရင်ဘတ်ပေါ်မှာရှိတဲ့ မှဲ့”

ရင်ဘတ်ရဲ့ ညာဘက်အခြမ်းမှာ ရှိတဲ့မှဲ့က စည်းစိမ်ဥစ္စာ အများအပြားပိုင်ဆိုင်စေပြီး ဘဝကို အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ခြင်းကို ပြသတဲ့ မှဲ့ ဖြစ်ပါတယ် ။

မေးစေ့ပေါ်မှာရှိတဲ့ မှဲ့”

မေးစေ့ပေါ်မှာရှိတဲ့ မှဲ့က စည်းစိမ်ဥစ္စာနဲ့ ပတ်သက်ရင် ကံကောင်းခြင်းကို ပြပေမဲ့ လူမှုဆက်ဆံရေးနဲ့ ပတ်သက်ရင် အားနည်းပြီး အထီးကျန်နေ ရတတ်တဲ့ သူတွေလည်း ဖြစ်ပါတယ်နော် ။ ။

From- Sunthit

Be the first to comment

Leave a Reply

Your email address will not be published.


*