ညီမဖြစ်သူ နွေးနွေးလှိုင်ရဲ့အကောင့် Hack ဖို့ကြိုးစားနေသူတွေကို ထပ်မလုပ်ဖို့ မေတ္တာရပ်ခံလိုက်တဲ့ နန္ဒာလှိုင်

နန္ဒာလှိုင်ရဲ့ညီမဖြစ်သူ မနွေးနွေးလှိုင်ရဲ့ခင်ပွန်း ကိုဗစ်ပိုးကူးစက်ခံရပြီး ဆုံးပါးသွားခဲ့တာကိုတော့ ပရိသတ်တွေလည်း သိရှိပြီးဖြစ်မှာပါနော်။ လူတစ်ယောက်လုံးဆုံးပါးသွားတာကို သူ့ရဲ့နောက်ဆုံးခရီးမှာ မိသားစုဝင်တွေက လိုက်ပါပို့ဆောင်ခွင့်မရဘဲ Q ဝင်နေခဲ့ရတာကလည်း ကိုဗစ်ကပ်ရောဂါရဲ့ရက်စက်မှုတွေထဲက တစ်ခုပါ။ လတ်တလောမှာတော့ မနွေးနွေးလှိုင်တို့ မိသားစုတစ်လုံး ကိုဗစ်ပိုးကင်းစင်ပြီး အိမ်ပြန်ရောက်ရှိနေပြီဖြစ်ပေမယ့် ခင်ပွန်းဖြစ်သူကို လောလောလတ်လတ်ဆုံးရှုံးထားရတဲ့ခံစားချက်ကတော့ ရင်ထဲမှာကျန်နေသေးဦးမှာ အမှန်ပါပဲ။

အခုလို ကိုဗစ်ကြောင့် တစ်မိသားစုလုံးစိတ်ဒုက္ခရောက်နေခဲ့ရတာကိုတောင် မထောက်ထားဘဲ မနေ့ကတော့ မနွေးနွေးလှိုင်ရဲ့ လူမှုကွန်ရက်အကောင့်ကို ခိုးယူဖို့ကြိုးစားနေတဲ့သူတွေရှိတာကြောင့် အစ်မဖြစ်သူနန္ဒာလှိုင်ကတော့ ထပ်ပြီး မလုပ်ကြဖို့တောင်းဆိုလိုက်ပါတယ်။ ကျွန်မ ညီမလေး နွေးနွေးတို့မိသားစုက ကိုဗစ်ရောဂါကြောင့် ယောင်္ကျားဆုံးပြီး စိတ်ဆင်းရဲနေကြရပါတယ်။

သူ့အမျိုးသားရဲ့ Facebook အကောင့်ကလည်း Facebook မှာ memorialized account ဖြစ်သွားပါတယ်။ အခုလည်း နွေးနွေးရဲ့ အကောင့်ကို လာခိုးဖို့ကြိုးစားနေကြပြန်ပြီ။

တောင်းပန်ပါတယ်ရှင်.. Facebook ပေါ် တင်ထားတဲ့ ပုံတွေက သူ့အတွက် အမှတ်တရတွေပါ။နွေးနွေးတို့ မိသားစု အမှတ်တရ တွေဖြစ်ခဲ့တဲ့ Facebook အကောင့်ဟာ ခိုးယူနေတဲ့လူအတွက် ဘာတန်ဖိုးမှ မရှိပေမယ့်သူ့အတွက် တန်ဖိုးကြီးပါတယ်။ ဆက်ပြီးခိုးဖို့ မကြိုးစားပါနဲ့တော့ ဆိုပြီး ညီမဖြစ်သူရဲ့အကောင့်ကို ထပ်ပြီး မခိုးကြဖို့ တောင်းဆိုခဲ့ပါတယ်။ ကိုဗစ်ကြောင့် တစ်မိသားစုလုံးစိတ်ဒုက္ခရောက်နေရတာတောင် မထောက်ဘဲ အခုလိုလုပ်ရပ်မျိုးလုပ်တာကတော့ တကယ်ကိုမဖြစ်သင့်တဲ့ လူမဆန်တဲ့ကိစ္စတစ်ခုပါပဲ မဟုတ်လား ပရိသတ်ကြီးရေ..

Source -Nandar Hlaing
Rainbow- Cele Gabar
VIA:www.celegabar.com

Be the first to comment

Leave a Reply

Your email address will not be published.


*