ဟင်းရွက်ရောင်းနေတဲ့ အသက်(၈၀) ကျော် အဘွားဆီကို အံ့သြသွားအောင် လှူဒါန်းခဲ့တဲ့ ဒိန်းဒေါင်

ပရိသတ်အချစ်တော် ဟာသ သရုပ်ဆောင် လူရွှင်တောင် ဒိန်းဒေါင်ကတော့ ကိုဗစ်ကာလမှာ ချွန်တွန်း ပရဟိတ အဖွဲ့နဲ့အတူ လှူဒါန်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပဲဖြစ်ပါတယ် ။ ဒါ့အပြင် သူပိုင်ဆိုင်ထားတဲ့ အိမ်တွေကို ငှားရမ်းနေထိုင်သူတွေအားလုံးကိုလည်း ကိုဗစ်ကာလမပြီးမချင်း အခမဲ့နေထိုင်ခွင့်ပြုခဲ့တဲ့အတွက် ပရိသတ်တွေက လေးစား ဂုဏ်ယူမဆုံးဖြစ်နေကြတာပါ ။

လတ်တလောမှာလည်း ပရိသတ်တွေ ကြည်နူးသွားစေမယ့် အလှူဗီဒီယိုလေး တစ်ခုကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ ကန်စွန်းရွက်နဲ့ ကန်နဖော့တွေ ခူးပြီး ရောင်းချနေရတဲ့ အသက် (၈၀) ကျော် အဘွားအိုကြီးဆီကနေ ဟင်းရွက်တွေကုန်ဝယ်ပြီး အားပေးခဲ့တဲ့အပြင် နောက်ဈေးထပ်ဈေးမရောင်းတော့ဘဲ အေးအေးဆေးဆေးနေဖို့အတွက် အလှူငွေ တစ်သိန်း ကျပ်တိတိကိုလည်း လှူဒါန်းကုသိုလ်ယူခဲ့ပါသေးတယ် ။

ဒိန်းဒေါင်က အသက်80အမေအိုကြီးရဲ့ကန်နဖော့နဲ့ ကန်စွန်းရွက်ကို ဈေးဆစ်ပြီးပြီးဝယ်လိုက်တယ်ဗျာ အလှူရှင်များအားလုံးကျေနပ်လိမ့်မယ် ထင်ပါတယ်ခင်ဗျာ ဆိုတဲ့ စာသားလေးနဲ့အတူ သူ့ရဲ့ အလှူဗီဒီယိုလေးကို ပရိသတ်တွေကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ် ။ ပရိသတ်တွေကလည်း ဒိန်းဒေါင်ရဲ့အလှူလေးအတွက် သာဓုတွေခေါ်ဆိုခဲ့ကြပါတယ် ။ ဒိန်းဒေါင်ကိုချစ်ခင်ကြတဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက်လည်း ကြည်နူးဖွယ် အလှူဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ..။

Source : Daing Daung
Emily (Cele Gabar)
Via:www.celegabar.com

Be the first to comment

Leave a Reply

Your email address will not be published.


*