ဆုံးပါးသွားတဲ့သမီးလေးကို ရည်စူးပြီး အဖြစ်ဆိုးတဲ့နောက်ထပ်သားလေးတစ်ယောက်အတွက် နို့မှုန့်တစ်နှစ်စာလှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

ဂေဟာက ကလေးတွေကိုသာမက ကလေးတိုင်းကို မိခင်မေတ္တာစိတ်နဲ့စောင့်ရှောက်ပေးချင်သူ ခိုင်နှင်းဝေကတော့ ဒီနေ့မှာလည်း တကယ်လိုအပ်နေတဲ့အလှူလေးတစ်ခုပြုလုပ်ပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်က ခိုင်နှင်းဝေနောက်ဆုံးမွေးစားခဲ့တဲ့ HIV ပိုးကူးစက်ခံထားရတဲ့သမီးလေး ဆုံးပါးသွားတဲ့သတင်းကိုတော့ ပရိသတ်လည်း စိတ်မကောင်းဖွယ်ကြားသိခဲ့ရမှာပါ။

ဒီနေ့မှာတော့ သမီးလေးအတွက် အလှူလည်းလုပ်ပေးနေတဲ့အနေနဲ့ သမီးလေးလိုပဲ မသိတတ်ခင်အရွယ်မှာ အဖြစ်ဆိုးနဲ့ကြုံခဲ့ရတဲ့ (၃) လသားလေးအတွက် လိုအပ်နေတဲ့နို့မှုန့်အလှူလေးကို လှူပေးခဲ့ပါတယ်။

သားလေးရဲ့ဖခင်ဖြစ်သူကတော့ နို့မှုန့်ဖိုးမတတ်နိုင်လို့ ဆွဲကြိုးချကာ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားပြီ ဖြစ်ပါတယ်။ ဒါကြောင့် ခိုင်နှင်းဝေကတော့ ကျန်ရစ်သူဇနီးနဲ့သားလေးအတွက် အမျိုးသမီးချင်း၊သားသမီးချင်း ကိုယ်ချင်းစာစိတ်နဲ့ နို့မှုန့်တစ်နှစ်စာကို ဒီနေ့မှာ သွားရောက်လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

သမီးလေးအတွက် ရည်စူးပြီးလှူဒါန်းပေးခဲ့တဲ့ အလှူဒါနလေးကို သမီးလေးရရှိစံစားနိုင်စေဖို့လည်း အမျှပေးဝေခဲ့ပါတယ်။ သမီးလေးလည်း ကောင်းရာမွန်ရာရောက်ဖို့ ဆုတောင်းရင်း စားဝတ်နေရေးအခက်အခဲတွေကြောင့် သုံးလသားလေးမှာပဲ ဖခင်ကိုဆုံးရှုံးလိုက်ရတဲ့ သားလေးလည်း နောက်ဒီလိုအဖြစ်ဆိုးမျိုးတွေ မကြုံရတော့ဘဲ ဘဝမှာအဆင်ပြေပြေနဲ့ ကြီးပြင်းသွားနိုင်လို့ ဆုတောင်းပေးလိုက်ပါတယ်။

Source – Khine Hnin Wai
Rainbow- Cele Gabar
Via:www.celegabar.com

Be the first to comment

Leave a Reply

Your email address will not be published.


*