သူ့ရဲ့တိုက်ခန်းငှားနေသူအားလုံးကို ကိုဗစ်ပြီးတဲ့အထိ အလကားနေထိုင်ခွင့်ပြုခဲ့တဲ့ ဒိန်းဒေါင်

ပရိသတ်ရဲ့အချစ်တော် ဟာသလူရွှင်တော်ဒိန်းဒေါင်ကတော့ ဒီနေ့မှာ မိခင်ကြီးမွေးနေ့အတွက် အံ့သြစရာကောင်းလောက်တဲ့အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ကြောင်း ပရိသတ်ကြီးကို မျှဝေခဲ့ပါတယ်။ အဲ့ဒါကတော့ ရန်ကုန်မြို့မှာရှိတဲ့ သူပိုင်ဆိုင်တဲ့တိုက်ခန်းငှားနေကြသူတွေအားလုံးကို မနက်ဖြန်(၁၀.၁၀.၂၀၂၀) ကစပြီး ကိုဗစ်ကပ်ကြီးပြီးသွားသည်အထိ အလကားနေထိုင်ခွင့်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့တွင်ရှိသော ကျွန်တော်ပိုင်ဆိုင်သည့်တိုက်ခန်းများတွင် ငှားရမ်းနေထိုင်သူများသို့ ….ယခုကိုဗစ်ကာလအခြေနေများတွင် စီးပွားရေးအခြေနေများကျဆင်းနေသောကြောင့် စားဝတ်နေရေးအခက်ခဲများကိုသိရှိညှာတာသောအားဖြင့် ကျွန်တော်ဒိန်းဒေါင်(ခ)တင်ဌေးမှ နှစ်ဖက်သောမိဘများအားအမှူးထား၍ ကျွန်တော်၏ မိခင်ဒေါ်တင်ထွေးမွေးနေ့အထိမ်းအမှတ် မိသားစုအလှူအဖြစ် မနက်ဖြန်(10.10.2020) စနေနေ့ မှစ၍ ကိုဗစ်ကာလပီးဆုံးသည်ထိတိုင်အောင် တိုက်ခန်းငှားရမ်းခ အခကြေးငွေ တစ်ပြားတစ်ချပ်မှပေးရန်မလိုတော့ဘဲ မေတ္တာစေတနာဖြင့်သာ အခမဲ့နေထိုင်ခွင့်ပေးလိုက်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျား ဆိုပြီး သူ့ရဲ့အလှူလေးကိုမျှဝေဖော်ပြခဲ့ပါတယ်။

ဒိန်းဒေါင်ကတော့ လတ်တလောမှာလည်း ချွန်တွန်းပရဟိတအနေနဲ့ အခြေခံလူတန်းစားတွေအတွက် စားသောက်ကုန်တွေ ဆက်တိုက်လှူဒါန်းပေးနေပါတယ်။ ဒီတစ်ခေါက်မှာတော့ အခုလိုကာလကြီးမှာ စားဖို့တောင်အနိုင်နိုင်ရုန်းကန်နေရတဲ့အခြေခံလူတန်းစားတွေအတွက် ဝန်ပိုတစ်ခုဖြစ်တဲ့ အိမ်ငှားစရိတ်၊တိုက်ခန်းငှားစရိတ်စတာတွေကို သိရှိကိုယ်ချင်းစာစိတ်နဲ့ လူတိုင်းလုပ်နိုင်ခဲတဲ့ အလှူတစ်ခုကို ပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

Source – Dain Daung
Rainbow- Cele Gabar
Via:www.celegabar.com

Be the first to comment

Leave a Reply

Your email address will not be published.


*