မြို့နယ်(၃)ခု မှာရှိတဲ့ အိမ်ထောင်စု (၂၀၀)ကို လှူဒါန်းမှုတွေပြုလုပ်သွားမယ့် ထူးအယ်လင်း

ပရိသတ်တွေချစ်တဲ့ အဆိုတော် ထူးအယ်လင်းကတော့ လိုအပ်နေတဲ့ နေရာတွေမှာ လှူဒါန်းမှုတွေ အဆက်မပြတ်လုပ်ဆောင်လျက်ရှိပါတယ် ။ မကြာခဏ ဆိုသလို လိုအပ်တဲ့နေရာတွေမှာ ကိုယ်တိုင် ကိုယ်ကျ သွားရောက်လှူဒါန်းလေ့ရှိတဲ့ထူးအယ်လင်းက အောက်တိုဘာလ (၁၇) ရက်နေ့မှာလည်း ဆိုင်ကယ်ချစ်ညီကိုများ စုပေါင်းပြီး လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ် ။

မြောက်ဥက္ကပလာမြို့နယ် ဌ…ရပ်ကွက်ရှိ မိုးကုတ်အဖွဲ့ခွဲ ၁၂၅..မနောသုခကျောင်းတိုက်သံဃာ ၃၅ ပါး သီလရှင်အပါး ၈၀ နဲ့ ကားကြီးဂိတ်မှတ် ရွှေပေါက်ကံ အဝင် မှာရှိတဲ့ ဝေဘာဂီမှာ Q ဝင်နေတဲ့ ကားဝန်းအိမ်ယာမြောက်ဥက္ကလာ မေတ္တာသပြေခြံ ရိက္ခာအတွက် ခက်ခဲနေတဲ့ အိမ်ထောင်စုများအတွက်လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ် ။ မနက်ဖြန် အောက်တိုဘာလ (၁၉)ရက်နေ့ မနက် (၉)နာရီမှာ လှိုင်သာယာ၊ရန်ကင်းနဲ့ ၊မြောက်ဥက္ကလာ၊ကျောက်ရေတွင်း အုန်းသီးဆိုင်တန်း လမ်းအလုပ်သမာများ အတွက် နေရာ လေးနေရာမှာ သွားရောက်လှူဒါန်းမယ်လို့သိရပါတယ် ။

မနက်ဖြန်အလှုအတွက် လုပ်အားဒါန လာရောက်ကူညီပေးသလို ဆန်ဒါန ထပ်မံအားဖြည့်ပေးမယ့် သရုပ်ဆောင် ထူးခြားကိုလည်း လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ကျေးဇူးတင်စကားဆိုထားပါသေးတယ် ။ ထူးအယ်လင်းကိုချစ်တဲ့ ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း သာဓုခေါ်နိုင်ဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

SourcE :Htoo El Lynn
Emily (Cele Gabar)
Via:www.celegabar.com

Be the first to comment

Leave a Reply

Your email address will not be published.


*