မီးမီးခဲနဲ့နောက်ဆုံးတွေ့ခွင့်ရလိုက်တဲ့ အမှတ်တရတွေအကြောင်းပြောပြလာတဲ့ သက်မွန်မြင့်

ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၆)ရက်နေ့မှာ ပရိသတ်တွေချစ်ရတဲ့ တေးသံရှင် မီးမီးခဲတစ်ယောက် ဘဝတစ်ပါးကို ကူးပြောင်းကွယ်လွန်သွားခဲ့တဲ့အတွက် အနုပညာရှင် ညီအစ်ကိုမောင်နှမတွေနဲ့ ပရိသတ်တွေအားလုံး စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ် ။ မီးမီးခဲဟာ လူသေရင်တောင် နာမည်သေမသွားမယ့် အဆိုတော်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့သီချင်းတွေဟာ ပရိသတ်တွေကို အမြဲ လွှမ်းမိုးနေဦးမှာပါ ။

လတ်တလောမှာတော့ ပရိသတ်အချစ်တော် သက်မွန်မြင့်က သူမနဲ့ မီးမီးခဲတို့နောက်ဆုံးတွေ့ခဲ့တဲ့ အမှတ်တရတွေ အကြောင်းကို ပြောပြလာခဲ့ပါတယ် ။ မီးမီးခဲ မြန်မာပြည် ပြန်လာချိန် မဆုန်သင်းပွဲမှာ တွေ့ခွင့်ရခဲ့ပေမယ့် သူ့ One Lady show မသွားခဲ့ရဘူး ခုကျ သူမရှိတော့ဘူး.. ဆိုတဲ့စာသားလေးနဲ့အတူ သူမနဲ့မီးမီးခဲရဲ့ နောက်ဆုံး တွေ့ဆုံခဲ့ပုံလေးကို ပရိသတ်တွေကို မျှဝေပေးခဲ့တာပါ ။

သက်မွန်မြင့်က မီးမီးခဲဟာ သူမ ငယ်ငယ်ထဲက အကြိုက်ဆုံး အဆိုတော်ထဲက တစ်ယောက် ဖြစ်လို့ ကောင်းရာဘုံဘဝမှာ ပိုသာသော ပျော်ရွှင်မှုတွေနဲ့ အေးချမ်းပါစေ လို့ နှုတ်ဆက် ဆုမွန်ကောင်းလေးတောင်းပေးထားပါသေးတယ် ။ မီးမီးခဲရဲ့ ပရိသတ်ကြီး လည်း သူမ အေးချမ်းစွာအနားယူနိုင်ဖို့ ဆုတောင်းပေးကြပါဦးနော် ။

Source : Thet Mon Myint
Emily (Cele Gabar)
Via:www.celegabar.com

Be the first to comment

Leave a Reply

Your email address will not be published.


*