Gym ဆော့ပြီးနားလိုက်ရင် ပိုဝလာတတ်လား?

တချို့တော်တော်များများပြောတတ်ကြပါတယ်။ “Gym မဆော့ရဲဘူး။ Gym ဆော့ပြီး ၂ လလောက် မဆော့ပဲ နားလိုက်ရင် လူကအရမ်းဝလာလို့”
အထူးသဖြင့် မိန်းကလေးတွေပြောတတ်ကြပါတယ်။
အဲလိုပြောနေတာတွေက အယူအဆမှားတွေပါ။ Gym ဆော့ပြီးနားလိုက်လို့ Weight ပိုတက်ပြီး ဝလာတာမဟုတ်ပါဘူူး။ လူပိန်းနားလည်အောင်ရှင်းပြပါမယ်။
ဥပမာ ခန္ဒာကိုယ်က တစ်နေ့ ကယ်လိုရီ ၁၀၀၀ လိုအပ်တယ်လို့ယူစကြည့်ပါ။

၁) ပုံမှန် Gym ဆော့တုန်းက တစ်နေ့ ကယ်လိုရီ ၁၄၀၀ စားပြီး gym ဆော့လို့ ကယ်လိုရီ ၄၀၀ လောင်ကျွမ်းအောင်လုပ်နိုင်ရင် ခန္ဓာကိုယ်က လိုအပ်တဲ့ ကယ်လိုရီ ၁၀၀၀ က ကွက်တိပါပဲ။

၂) Gym မဆော့လို့နားနေတုန်း အစားလည်းမလျှော့ပဲ တစ်နေ့ ကယ်လိုရီ ၁၄၀၀ ဆက်စားနေရင် ခန္ဒာကိုယ်က လိုအပ်တဲ့ ကယ်လိုရီ ၁၀၀၀ အပြင် ၄၀၀ က ပိုသွားတဲ့အတွက် အဆီတက်ပြီး ပေါင်ချိန်တွေတဖြည်းဖြည်းတက်လာတာပါ။
အဲ့တော့ Gym မဆော့ဖြစ်ရင်တောင် အစားအသောက်ဆင်ခြေတာတို့ တစ်နေ့ နာရီဝက်လောက် လမ်းပုံမှန်လျှောက်တာတို့ (၁၅)မိနစ်လောက် ပြေးတာတို့လုပ်သင့်ပါတယ်

Gym မဆော့တာကြာရင် muscle mass လျော့သွားတတ်လို့ အရင်လို တင်းတင်းရင်းရင်းမရှိတာတော့ဖြစ်ပါတယ်။ အားကစားတစ်ခုခုလုံးဝမလုပ်နိုင်ရင်တောင် အစားအသောက်ကို ပိုမိုဆင်ခြေသင့်ပါတယ်လို့တိုက်တွန်းလိုက်ပါတယ်​။
Credit. – Newlife fitness center.

Be the first to comment

Leave a Reply

Your email address will not be published.


*