တန်ဆောင်မုန်းလပြည့်ည၌ ပစ္စည်းခိုးရခြင်းအကြောင်း(ကျီးမနိုးပွဲ)

လွန်လေပြီးသော ရှေးအခါက ယော
င်္ကျားသားများ ရှင်လိင်ပြန်ကြရာ၀ယ် ဆေးမင်ကြောင်ထိုးသည့် ဓလေ့သည် အထင်အရှားရှိခဲ့၏။ ရှင်ဘုရင်မှအစချီကာ မင်းညီမင်းသား၊မှူးမတ်သူကြွယ်၊ ကုန်သည်၊လယ်လုပ် အစချီကာ သူရင်းငှားများ
စသော လူယောင်္ကျား တို့သည်ဆေး
မှင်ထိုးကြလေသည်။
ယခုခေတ်ကဲ့သို့ ကြုံသလိုထိုးခြင်း မဟုတ်ချေ။ ဆေးမှင် ထိုးသည့်အခါ နက္ခတ်ကောင်း၊ အခါကောင်း စောင့်ဆိုင်းကာ မှောင်ခန်းခေါ် မှင်ထိုးသည့် အခန်းတွင် ကန်တော့ပွဲပေး၍ ထိုးရသည်။

ထိုသို့ ထိုးခဲ့ပြီးသော ယောင်္ကျား တို့သည်တန်ဆောင်မုန်းညနက္ခတ်စုံချိန်တွင် ထိုးထားသည့် ကြောင်တက်ကြောင်ဆင်းဆေးအစောင့်တို့သည် တန်ခိုးပြသည်ဟု အယူရှိသောကြောင့်အရှင်မသိသောပစ္စည်းကိုခိုးယူကာ ခိုးကွင်း၌ ထားမြဲဖြစ်၏။ ခိုး ကွင်းဆိုသည်မှာ ခိုးရာပါပစ္စည်းအား ဘယ်သူဘယ်ဝါ၏အိမ်မှ ပစ္စည်းဖြစ်ကြောင်း ခိုးကွင်းတွင် စာကပ်၍ ထားကြသည်။
ထိုသို့ခိုးရာတွင် အသက်ရှိသောအရာကို
ခိုးယူနိုင်စွမ်းသောသူသည် လူစွမ်းကောင်းဖြစ်လေသည်။ ရှေးအခါက နွားများနှင့် လူအိပ်နေသော ကုတင်ကို လူမနှိုးအောင် ထမ်း၍ခိုးကွင်း၌ လာထားကြသည်။ မနက်မိုးလင်းသောအခါ ပစ္စည်းရှင်များကသင်္ကန်းအစုံဖြင့် မိမိတို့
ပစ္စည်းကို လာရွေးယူကြပြီး ကထိန်ပွဲကို ဆင်နွဲရသည်။

ပစ္စည်းခိုး၍ လူမိသောအခါတွင် ထိုသူကိုဖမ်း၍ ခိုးကွင်းတွင် ကတုံးတုံးကာ ပြာလူး၍ ထားကြသည်။ ကထိန်ပွဲတွင် ထိုခိုးသားကို ရွာသူကြီးက တရားသူကြီးလုပ်ကာ တရားရင်ဆိုင်ခန်းဖြင့် ဟာသလုပ်ကြပြီး ရဟန်း၀တ်စေမြဲဖြစ်သည်။
ဒီဘက်ခေတ်ရောက်လာတော့တန်ဘိုးရှိပစ္စည်းတွေကို တကယ် ခိုးလာကြတယ်။ လမ်းတွေပေါ်မှာ ကျက်သရေမင်္ဂလာမရှိအောင် ရုပ်ပျက် ဆင်းပျက် ဆိုင်းဘုတ် တွေ ဖြုတ်ချ ၊ အရက် ဘီယာအစားအသောက်တွေ ပလူပျံအောင် ပြန့်ကျဲနေတယ်။ အပျော် ကနေ အပျက် ဘက်ကို ဦးတည်လာကြတယ်။
အမှန်တရားကို ဗုဒ္ဓဘာသာ မြန်မာလူမျိုး
တွေ သိစေချင်၍ရည်ရွယ်ရင်း …

#Creditလေးစားစွာဖြင့်
#Newshunter😁😁

Be the first to comment

Leave a Reply

Your email address will not be published.


*