ရွှေအတု အစစ် ခွဲခြားနည်

#ရွှေကိုအတုလားအစစ်လားဆိုတာအမြင်နဲ့အလွယ်တကူ ဆုံးဖြတ်လို့မရပါဘူး ဗဟုသုတရစေရန်မျှဝေပေးလိုက်
ပါတယ်ရှင့် 🙏pageကို like နဲ့ follow လုပ်ပေးဖို့မမေ့နဲ့နော် 🙏
🎖သံလိုက်ကိုအသုံးပြုစမ်းသပ်ခြင်း သံလိုက်ကိုအသုံးပြုပြီးစမ်းသပ်တဲ့အခါရွှေအစစ်ဆိုရင် သံလိုက်နဲ့ ကပ်ပါလာခြင်းမျိုးမရှိဘဲ ရွှေအတုဆိုရင် သတ္တုပါဝင်တဲ့အတွက် သံလိုက်နဲ့ ကပ်ပါလာတာကို
ကြည့်ပြီး ခွဲခြားနိုင်ပါတယ်။


🎖ရေ ကိုအသုံးပြုစမ်းသပ်ခြင်း
ရေဖြည့်ထားတဲ့ဖန်ခွက်ထဲသို့ ရွှေကိုနစ်ကြည့်လိုက်တဲ့
အခါစစ်မှန်တဲ့ရွှေဟာ သိပ်သည်းဆများတဲ့သတ္တုဖြစ်တဲ့ အတွက်ကြောင့် ရေထဲသို့ချက်ခြင်း နစ်မြုပ်သွားတာ တွေ့ရမှာပါ ရေပေါ်ပေါလောပေါ်နေမယ်ဆိုရင်တော့ ရွှေအစစ်မဟုတ်ကြောင်း သိရှိနိုင်ပါတယ်။
🎖တစ်ခုသတိထားရမှာကတော့သိပ်သည်းဆများတဲ့
သတ္တုကိုအသုံးပြုထားမယ်ဆိုရင်တော့နစ်မြုပ်သွားနိုင်တာမို့ရေကိုအသုံးပြုစမ်းသပ်တဲ့အခါအထူးသတိပြုရန်လိုအပ်ပါတယ်ရှင့်


🎖ရှာလကာရည်ကို အသုံးပြုစမ်းသပ်ခြင်း
မီးဖိုချောင်သုံးပစ္စည်းဖြစ်တဲ့ ရှာလကာရည်ကို အသုံးပြု
ပြီးတော့လည်း ရွှေအတုနဲ့အစစ်ကို လွယ်လွယ်ကူကူ
ူခွဲခြားနိုင်ပါတယ် စမ်းသပ်စစ်ဆေးမယ့် ရွှေကို ရှာလကာရည်နဲ့ ထိတွေ့ လိုက်တဲ့အချိန်မှာ အရောင်ပြောင်းသွားခြင်းမျိုးမရှိရင်တော
့ရွှေအစစ် ဖြစ်ကြောင်း သိနိုင်ပါတယ် အရောင်ပြောင်းလဲသွားတယ်ဆိုရင်တော့ ရွှေအစစ်မဟုတ်ကြောင်း သိရှိရမှာဖြစ်ပါတယ်။


🎖နိုက်ထရစ် အက်စစ်ဖြင့် စမ်းသပ်ခြင်း
ရွှေကို နိုက်ထရစ် အက်စစ်ဖြင့် စိမ်ကြည့်တဲ့အခါ ရွှေအစစ်ဆိုရင်တော့ အက်စစ်နဲ့ဓာတ်ပြုခြင်းမရှိပဲ နဂိုမူလအရောင်တိုင်းရှိနေမှာပါ
ရွှေအတုဆိုရင်တော အက်စစ်နဲ့ဓာတ်ပြုသွားပြီးတော့ သတ္တုရဲ့ မူလအရောင်ပေါ်ထွက်လာမှာဖြစ်ပါတယ်
👉#ဒီနည်းလမ်းလေးတွေကတော ရွှေအတု အစစ်ကို လွယ်ကူတဲ့နည်းလမ်းတွေ နဲ့ ခွဲခြားနိုင်တဲ့ နည်းလမ်း တစ်ချို့ဖြစ်ပါတယ်ရှင့်
Credit: Tgo. World Golden business advisor

Be the first to comment

Leave a Reply

Your email address will not be published.


*