ကျောင်းပြန် တက်ချင်နေကြတဲ့ ကျောင်းသား ကျောင်းသူတွေ နဲ့ ၊ မိဘတွေ အတွက်တော့ ဝမ်းသာစရာပဲဗျာ

တနှစ်အောက်မည်ဆိုခြင်း မဟုတ်ဘဲ အခြေအနေပေါ် မူတည်ပြီး ကျောင်းပြန်ဖွင့်နိုင်ရန် စီစဉ်နေဟုဆိုပါသည်… ပညာသင်နှစ် တစ်နှစ်အောက်မည် ဆိုသည်မှာ မဟုတ်ဘဲ ကိုဗစ်ကူးစက် အပေါ် မူတည်၍ ကျောင်းများ ပြန်ဖွင့်နိုင်ရန် စီစဉ် နေကြောင့် အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြော ကြားလိုက်ပါတယ်။
စာသင်ကျောင်းများ ပြန်ဖွင့်ရန် လောလောဆယ်တွင် အစီအစဉ် များကို ရေးဆွဲနေပြီး ပညာရေးဝန်ကြီးဌာနက အသိပေးသွားမည် ဖြစ်ကြောင်း ဦးကိုလေးဝင်းက ဆိုပါတယ်။


“ဖွင့်နိုင် မဖွင့်နိုင်ဆိုတာ ချက်ချင်းကြီး ကောက်ပြောလို့ မရဘူးလေ။ ကိုဗစ်ကူးစက် မှုအပေါ် မူတည်တယ်။ အခု လောလော ဆယ်ကတော့ စောင့်ကြည့်ဆဲ ကာလလို့ပဲ ပြောလို့ရတယ်။ လောလောဆယ် အစီအစဉ် ဆွဲတာတွေတော့ လုပ်နေကြတယ်။အချိန် မှာတော့ မထုတ်ပြန်သေးဘူး။ ထုတ်ပြန်တဲ့ အချိန်အသိပေးလိုက်မယ်” ဟု ညွှန်ကြားရေး မှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။
စာသင်ကျောင်းများ ပိတ်ထားရသောကြောင့် ပညာရေး ဝန်ကြီးဌာနဟာ အခြေခံပညာအတန်းများ၏ သင်ရိုးညွှန်းတမ်းများကို ရုပ်သံလိုင်းများက တစ်ဆင့်ထုတ်လွှင့် ပြသရန် စီစဉ်နေပါတယ်။

Free to Air ရုပ်သံမီဒီယာများမှ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း များ၏ သင်ရိုးညွှန်းတမ်းများ ထုတ်လွှင့်ပြသရန် စီစဉ်နေပြီး လျှပ်စစ်မီးနှင့် တီဗီ မရှိသည့် ဒေသများတွင် ရေဒီယိုများက တစ်ဆင့် ပို့ချ သွားမှာ ဖြစ်ပါတယ်။
“ဘာပဲဖြစ်ဖြစ်ကျောင်းဖွင့်သည် ဖြစ်စေ မဖွင့်သည် ဖြစ်စေ ကလေးကတော့ အိမ်မှာသင်ယူနေရင် သူတို့အတွက်က အကျိုးရှိသွားပြီ။ ကျောင်းဖွင့်တာကို စောင့်ရင်းနဲ့အိမ် မှာပဲ သင်ယူနေစေချင်တယ်” လို့ ညွှန်ကြားရေးမှူးချုပ်က ဆိုပါတယ်။


သြဂုတ် ၂၇ ရက်မှစတင်ပြီး တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ထားရှိသည့် အခြေခံပညာ အထက်တန်းကျောင်း၊ ဘုန်းတော်ကြီးသင် ကျောင်းပညာရေးကျောင်း နှင့် ပုဂ္ဂလိက ကျောင်း၊ စုစုပေါင်းကျောင်းပေါင်း ၆၅၂၆ ကျောင်း ကို ပိတ်ရန် ကိုဗစ်ဗဟိုကော်မတီက ညွှန်ကြားခဲ့သည်။
crd

Be the first to comment

Leave a Reply

Your email address will not be published.


*