ရှန်ဟိုင်းလေဆိပ် ကိုဗစ်စမ်းသပ်မှုဝရုန်းသုန်းကားကြောင့် လူထောင်နဲ့ချီ ကွာရန်တင်းဝင်ရမယ်

နိုဝင်ဘာ ၂၄
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ဖူတုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ဝန်ထမ်းအချို့ ကိုဗစ်ကူးစက်ခံရပြီးနောက် လူတိုင်းကို အစုလိုက်အပြုံလိုက် စမ်းသပ်မှု ပြုုလုပ်ခဲ့ရာက ကြောက်ရွံသူတွေကြောင့် ဆေးစစ်မှု ဝရုန်းသုန်းကား ဖြစ်ခဲ့ပါတယ်။ တရုတ်အာဏာပိုင်တွေဟာ နိုဝင်ဘာ ၂၂ ရက်နေ့ ညပိုင်းက ကုန်စည်ဝန်ထမ်း အားလုံးကို စမ်းသပ်မှု ခံယူဖို့ အမိန့်ပေးခဲ့ပြီးနောက် ကြောက်လန့်တကြား ထွက်ပြေးသူတွေ ရှိခဲ့တာပါ။
တရားဝင် ထုတ်ပြန်တဲ့ ဓါတ်ပုံတွေမှာတော့ လာရောက်စစ်ဆေးမှု ခံယူသူတွေ စနစ်တကျ တည်တည်ငြိမ်ငြိမ်နဲ့ တန်းစီနေတာကို တွေ့ရပါတယ်။ လူအစုလိုက် စမ်းသပ်တာလို့ ယူဆရတဲ့ အခြားဗီဒီယိုတွေမှာတော့ PPE ဝတ်စုံဝတ် အရာရှိတွေက ထိန်းလို့မရတဲ့ လူအုပ်ကြီးကို ကန့်သတ်နေရာ သွားရောက်ဖို့ အော်ဟစ်နေတာကို တွေ့မြင်ရပါတယ်။ တရုတ်လူမှုကွန်ယက်မှာတော့ ဒီဗီဒီယိုအများစု ပျောက်ကွယ်သွားပြီး အစိုးရမီဒီယာတွေမှာတော့ ဝရုန်းသုန်းကာ ဖြစ်စဉ်အကြောင်း သတင်းဖော်ပြခဲ့ခြင်းမရှိဘဲ တနင်္ဂနွေနေ့ တစ်ညတည်း လူပေါင်း ၁၆၀၀၀၀ ကျော်ကို စမ်းသပ်စစ်ဆေးခဲ့တယ်လို့ ပြောကြားသွားပါတယ်။


လေဆိပ် ကုန်တင်အလုပ်သမား အများအပြားနဲ့ နီးစပ်သူတွေမှာ ကိုဗစ်ကူးစက်မှု တွေ့ရပြီးနောက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက လူအများအပြားကို ဗိုင်းရပ်စ် စစ်ဆေးဖို့ အမိန့်ပေးခဲ့တယ်လို့ တရုတ် Global Time သတင်းစာက ဖော်ပြသွားပါတယ်။
ရှန်ဟိုင်းမြို့မှာ နိုဝင်ဘာ ၉ ရက်နေ့ကစပြီး ဒေသတွင်း ကူးစက်မှု ၇ ဦးသာ ရှိခဲ့ပြီး ငါးလအတွင်း ကူးစက်မှုသစ် မရှိခဲ့ပါဘူး။
Global Times သတင်းစာဖော်ပြချက်ထဲမှာတော့ လေဆိပ် ကားပါကင်အတွင်း လူပေါင်းများစွာ တန်းစီနေတဲ့ပုံကို တွေ့ရပါတယ်။ တရုတ်လူမှုကွန်ယက်ပလက်ဖောင်းဖြစ်တဲ့ Weibo ပေါ်က ဗီဒီယိုတွေထဲမှာတော့ လူပေါင်းများစွာဟာ တန်းစီနေကြရာကနေ တွန်းထားရာက ဝရုန်းသုန်းကား ဖြစ်ခဲ့တာကို တွေ့ရပါတယ်။


အဆိုပါဗီဒီယိုတွေကတော့ တနင်္လာနေ့ မနက်ပိုင်းက အားလုံး ဖျက်ချခံခဲ့ရပါတယ်။
လက်ရှိအချိန်မှာတော့ အဆိုပါ ကုန်တင်ကုန်ချအလုပ်သမားတွေကို ပုံမှန်စမ်းသပ်မှုတွေ ပြုလုပ်သွားပြီး အန္တရာယ်ရှိနိုင်သူတွေကို ကာကွယ်ဆေး ထိုးနှံပေးသွားမယ်လို့ ဆင့်ဟွာသတင်းဌာနက ဖော်ပြသွားပါတယ်။
တရုတ်နိုင်ငံမှာတော့ ထိရောက်တဲ့ ကာကွယ်ဆေး အတည်ပြုထားခြင်း မရှိပေမယ့် ကျန်းမာရေးဝန်ထမ်းလို ရှေ့တန်းထမ်းဆောင်နေသူအားလုံးကို ကာကွယ်ဆေး ထိုးနှံပေးထားကြောင်း သိရပါတယ်။

တရုတ်အစိုးရဟာ ခုလို လူအစုလိုက် အပြုလိုက်စမ်းသပ်မှုနည်းလမ်းကို ရောဂါဖြစ်ပွားမှုတွေကို ခြေရာခံမှာ အသုံးပြုပြီး မေလက ကိုဗစ်စတင်ဖြစ်ပွားရာ လူဦးရေ ၁၁ သန်းနီးပါးရှိတဲ့ ဝူဟန်မြို့မှာလည်း ခုလို စမ်းသပ်မှု ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ ရောဂါစတင်ဖြစ်ပွားချိန်ကစလို့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၉၂၀၀၀ ကျော်သာရှိပြီး သေ ဆုံးသူ ၄၇၀၀ သာရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သုတေသနကောက်ခံချက်အရ သိရပါတယ်။
_ref: bbc
Tz
Credit: myanmaplatform

Be the first to comment

Leave a Reply

Your email address will not be published.


*