နှာခေါင်းစည်းနဲ့ မျက်နှာ အကာ တပ်ထားတဲ့ ဈေးသည်တွေကိုသာ ရန်ကုန်မှာ ဈေးရောင်းချခွင့် ပြုမည်

နှာခေါင်းစည်း (Mask)နဲ့ မျက်နှာအကာအကွယ် (Faceshield) တပ်ဆင်ရောင်းချတဲ့ ဈေးသည်တွေကိုသာ ဈေးရောင်းချခွင့်ပြုမယ့် ကမ်ပိန်းကို ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက ဦးဆောင်ပြီး ရန်ကုန်တိုင်း အတွင်းက ဈေးတွေမှာ စတင်နေပါပြီ။

ဈေးဝယ်သူတွေ အနေနဲ့လည်း နှာခေါင်းစည်းတပ်ထားမှသာ ဈေးထဲကို ဝင်ရမှာပါ။ နှာခေါင်းစည်း (Mask) နဲ့ မျက်နှာအကာအကွယ်

(Faceshield) တပ်ဆင်ရောင်းချတဲ့ ဈေးသည်တွေဆီက သာဈေးဝယ်ကြဖို့ကိုလည်း ဈေးတွေတိုင်းမှာ လက်ကိုင်စကားပြော

စက်(Hand Speaker) တွေနဲ့ အသိပညာပေးတာတွေ ဆက်တိုက်လုပ်သွားမယ်လို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောပါတယ်။

“နှာခေါင်းစည်း(Mask)နဲ့ မျက်နှာအကာအကွယ် (Faceshield)ကို မဖြစ်မနေ တပ်ဆင်ရောင်းချရမယ် ဆိုတဲ့နေရာမှာ သူတို့မှာ မပါ
ရင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထောက်ပံ့ထားတဲ့ နှာခေါင်းစည်း အခုရေ တစ်သန်းရှိပါတယ်၊ မျက်နှာအကာအကွယ်
(Faceshield) အခုရေ တစ်သိန်းရှိပါတယ်၊ ဒါတွေကို ဈေးတွေမှာ ဝေငှထားမယ်၊ လိုအပ်ရင် ၊မပါရင် ဈေးသည်ရော ဈေးဝယ်သူကိုပါ

အခမဲ့ပေးမှာပါ’’ လို့ ဒေါက်တာထွန်းမြင့်ကရှင်းပြပါတယ်။


ရန်ကုန်တိုင်းအတွင်း ဈေးကြီး (၁၇၀) ကျော်နဲ့ ဈေး (၁၂၀)ကျော်မှာ ဒီလိုကမ်ပိန်းတွေ တောက်လျှောက်လုပ်သွားမယ်လို့ ဆိုပါတယ်။
ဒီကမ်ပိန်းဟာ ရန်ကုန်တိုင်းအတွင်းမှာ ကိုဗစ်ကြောင့် ချမှတ်ထားရတဲ့ ကန့်သတ်မှုတွေကို ဖြေလျှော့နိုင်ဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ ပုံ
မှန်အတိုင်း ပြန်လည်လည်ပတ်နိုင်ဖို့ ဆောင်ရွက်တာလို့ ဆိုပါတယ်။ ကမ်ပိန်းကို လူထူထပ်တဲ့ ဈေးတွေမှာ ဆောင်ရွက်ရတာက ဈေး
တွေကနေ အများဆုံးကူးစက်တာကို တွေ့နေရတာကြောင့်လို့ ဆိုပါတယ်။


နှာခေါင်းစည်း (mask) တခုထဲတောင် လူတိုင်း မတပ်ကြသေးတဲ့ ရန်ကုန်လို နေရာမျိုးမှာ မျက်နှာ အကာပါ ထပ်တပ်ရမယ်ဆိုတဲ့
အနေအထားကို လူတိုင်း လိုက်နာနိုင်မလားဆိုတာကတော့ စောင့်ကြည့် ရမှာပဲ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*