တန်ဆောင်မုန်းလပြည့်ညတွင် မယ်ဇလီဖူးသုပ် စားရခြင်းအကြောင်း

တန်ဆောင်မုန်းလအခါတွင် ဆေးပင်အပေါင်းကို စေါင့်သောနတ်တို့သည် မယ်ဇလီပင်စေါင့်နတ်မင်းအား တစ်ညီတစ်ညွတ်တည်း လာရောက်ခစားကြသည်။
မယ်ဇလီဖူးကို စားသုံးခဲ့သော် ၊(၉၆)ပါးသော ရောဂါများကင်းရှင်း၍ ဘုန်းကြီးအသက်ရှည်နိုင်သည် ဟု ၊“သာရကောမုဒိ” ဆေးကျမ်း ကပြဆိုပါသည်။


ထို့ကြောင့် ၊ မြန်မာ့ရှေးရိုးအစဉ်အလာအရ တန်ဆောင်မုန်းလပြည့် အခါသမယတွင် ၊မယ်ဇလီဖူး ကိုအဆာစုံစွာသုပ်၍ မိသားစုဝင်များအားလုံးစားသုံးကာ ၊
ပတ်ဝန်းကျင် အိမ်နီးချင်းများအားလည်း ၊ မယ်ဇလီဖူးသုပ်အထုပ်ငယ်များကို ဆေးဝါးအဖြစ်ပေးဝေလျက် ဒါနပြုလေ့ရှိကြပါသည်။
နက္ခတ်၊ ကြယ်တာရာ စုံညီစွာပေါ်ထွန်းသောကြောင့် ၊ဆေးအာနိသင်များ နိုးကြွထက်မြက်စေ၍ “ဆေးပေါင်းခသည့်ည” -ဟုလည်း ၊ယုံကြည်ကြသည်။

ဤညအခါ၌ ၊ခူး ဆွတ် တူးဖေါ်ရရှိသော ဆေးပင် ၊ဆေးရွက်၊ အမြစ် ၊ အဖု ၊အဥ တို့ကို အထူးသိမ်းဆည်းထားကာ အလိုရှိရာအခါ၌ ၊အသုံးပြုကြသည်။
လပြည့်နေ ညဥ့်လယ် လမွန်းတည့်အချိန်၌ ၊ လရိပ်သည် ရေအပြင်ပေါ်ကျရောက်သောအခါ ၊ “လမွန်းတည့်ရေ”ကို သောက်သုံး၍ ၊ဆေးအာနိသင်များပြည့်ဝလျက်ကျန်းမာရေးကို ကောင်းမွန်စေသည်-ဟု ယူဆကြသည်။ဤအခါ၌ ၊ လက်လှမ်းမီရာ ဆေးပင် ၊ဆေးရွက်တို့ကို ခူးဆွတ်ကာစားသုံးလေ့ရှိကြသည်။


တန်ဆောင်မုန်းလတွင် ထွက်ပေါ်သော“ကြတ္တိကာနက္ခတ်”ကို နက္ခတ်ပညာရှင်တို့က၊ “စောရနက္ခတ်(ခေါ်) သူခိုး နက္ခတ်” ဟု ၊ဆိုလေ့ရှိကြသည်။
ထို့ကြောင့် လပြည့်နေ့ညအခါတွင် “ကျီးမနိုးပွဲ”(ခေါ်)“သူခိုးကာလ” အဖြစ် ကလေး ၊ လူငယ်များ ပျော်ရွှင်စွာ ဆော့မြူးလေ့ရှိကြသည်။
တစ်ညလုံး နံနက်ကျီးမနိုးမီတိုင်အောင်၊ အိမ်ရှင်မသိစေပဲ အလွယ်တစ်ကူ တွေ့ရှိချီမနိုင်သောပစ္စည်းများကိုယ ူ၍ လမ်းမတွင် စုပုံထားခြင်း ၊
ပုဆိုး ထမီ ရရာတို့ကို အလံထူ၍ထားခြင်း စသည်တို့ဖြင့် ၊နံနက်အခါ၌ လူ ရယ်ဖွယ်ဖြစ်အောင် ဖန်တီးထားတတ်ကြသည်။
တစ်ညနေခင်းလု ံး အိမ်ပေါက်စေ့လိုက်ကာ အလှူငွေနှင့်စားစရာများ အလှူခံကြပြီး၊ တစ်ညခင်းလုံး ချက်ပြုပ်၊စားသောက်ကာ မြူတူး ပျော်ရွှင်ကြသည်။

ငွေကြေးပြည့်စုံသူတို့ကမူ ၊ လပြည့်နေ့ညတွင် “မခေါ်မုံ့လုံး”(ခေါ်)မုံ့လုံးရေပေါ်များကျွေးခြင်း၊
ကြက်သားဆန်ပြုပ် တိုက်ကျွေးခြင်း ၊မယ်ဇလီဖူးသုပ်ဝေခြင်းနှင့် ပိုက်ဆံကြဲခြင်း တို့ကို ပြုကာ ၊ ကုသိုလ်ယူလေ့ရှိကြသည်။
#Credit
#Newshunter

Be the first to comment

Leave a Reply

Your email address will not be published.


*