ကြိုးခုန်ခြင်းအားကစားက ရရှိနိုင်တဲ့ ကျန်းမားရေး အကျိုးကျေးဇူးများ

ခန္ဓာကိုယ်ကို လှုပ်ရှားပေးဖို့ လိုအပ်နေတယ်ဆိုရင်တော့ အိမ်မှာနေရင်းနှင့်ပင် ကြိုးခုန်ခြင်းက ထိရောက်တဲ့ အကျိုးရလဒ်တွေကိုပေးစွမ်းနိုင်ပါတယ်။ ကြိုးခုန်ခြင်းကနေ ဘယ်လိုမျိုး ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိနိုင်လည်းဆိုတာ ဆက်လက်ဖတ်ရှုလိုက်ကြပါဦးနော်

ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။

အချိန်တိုအတွင်း အမြန်ဆုံး ကယ်လိုရီတွေကို လောင်ကျွမ်းနိုင်ဖို့အတွက် ကြိုးခုန်ခြင်းကို ပြုလုပ်သင့်ပါတယ်။တစ်နေ့ကို ၁၀မိနစ်လောက်ကြိုးခုန်ရုံနှင့်တင်က ကယ်လိုရီတွေကိုလောင်ကျွမ်းစေပြီး ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

နှလုံးကျန်းမာရေး ကောင်းမွန်စေတယ်။

ကြိုးခုန်လေ့ကျင့်ခန်း လုပ်နေတဲ့ အချိန်မှာ အသက်ရှုခြင်းကို ပုံမှန်ထပ် ပိုပြီး ရှိုက်သွင်းကြလေ့ရှိပါတယ်။ နှလုံးခုန်မြန်လာတာကိုလည်း သတိထားမိနိုင်ပါတယ်။ ကြိုးပုံမှန်ခုန်လေ့ရှိတဲ့ သူတစ်ယောက်ရဲ့ နှလုံးဟာ ရောဂါ ဖြစ်ဖို့အတွက်ရာခိုင်နှန်းလျှော့နည်းပြီး နှလုံးကျန်းမားရေးကိုကောင်းမွန်စေပါတယ်။

ခန္ဓာကိုယ် ပုံစံ မှန်ကန်စေတယ်။

ကြိုးခုန်တာ ကို အ လေ့အကျင့်လုပ် ပေးမယ်ဆိုရင် ကိုယ့်ရဲ့ Body အ နေ အ ထားပုံစံ မှန်ကန် လာစေပါတယ်။ ခန္ဓာကိုယ် အ ပေါ် ပိုင်းနဲ့ အောက်ပိုင်း ဟန်ချက်ညီညီ လုပ်ရတာ မို့ ဟန် ချက် မညီပဲ လဲ ကွဲတာ မျိုးတွေ ကိုလည်း သက်သာ စေပါတယ်။

အရိုးတွေကို သန်မာစေတယ်။

အရိုးတွေကို သန်မာ စေတဲ့ လေ့ကျင့်ခန်းထဲမှာ ကြိုးခုန်တာကလည်း တစ်ခု အပါအဝင်ပါ။ဒါပေမယ့် အရိုးအ ကြော မ ကောင်းတဲ့ လူကြီးပိုင်းတွေ က တော့ ကြိုးမခုန်သင့်ပါဘူး။ကြိုးခုန်တဲ့ လူနဲ့ ကြိုးမခုန်တဲ့ လူတွေကို နှိုင်းယှဉ်ကြည့်အခါ မှာ ခုန်တဲ့ လူတွေက အရိုးသိပ်သည်းဆ ပိုများ တာကို တွေ့ ရပါတယ်။ဒါ ကြောင့် ပုံမှန် ကြိုးခုန်ခြင်းက အရိုးတွေကို သန်မာ စေပါတယ်။

Credit: myanmaplatform

Be the first to comment

Leave a Reply

Your email address will not be published.


*