**အကျိုးပေးမြန်သော ပံ့သကူ**

တန်ဆောင်မုန်းလပြည့်ည ၁၂ နာရီမှာ ပံ့သကူပစ်ပါ။ ကိုယ်တတ်နိုင်သည့် ပမာဏလေးကို စေတနာ များစွာဖြင့် ပံ့သကူပစ်ပါ။ ရရှိလာမည့်အကျိုးကို မမျှော်ကိုးပဲ ပစ်ပါ။ နောင်ဘဝရမည့်ကုသိုလ်၊ ယခုရမည့် ကုသိုလ် အသာထား ကြပ်တည်းနေကြတဲ့ အချိန်မှာ ကိုယ့်ပံ့သကူလေးကြောင့် ရတဲ့သူပျော်သွားရင် ကိုယ်ပီတိဖြစ်ရတာက ချက်ခြင်းလက်ငင်းရတဲ့ အကျိုးကျေးဇူးပါ။
#ပံ့သကူ 🙏🙏🙏

🔸ဒီဘက်ခေတ်မှာ လူငယ်တော်တော်များများ မကြားဖူးတော့ဘဲ တိမ်မြုပ် ပျောက်ကွယ်လာနေပြီ ဖြစ်တဲ့ အလေ့တစ်ခုပါ။
🔸မိမိ လှူချင်၊ တန်းချင် တဲ့ ပစ္စည်း ၊ ငွေကြေး ၊ အသုံးအဆောင် ပစ္စည်း တစ်ခုခု ကို အိတ်တစ်လုံးထဲမှာ ထည့်ပါ။
🔸ပြီးရင်လူ မမြင်နိုင်တဲ့အချိန်မှာလမ်းနေရာတစ်ခုခု မှာ သွားပြီး ချထားပါ။

🔸ခြွင်းချက် နည်းနည်း ရှိပါတယ်။ အဲဒီလို ချထားတဲ့အခါမှာ ဘယ်သူ မှ သိလို့ မဖြစ်ပါဘူး .။ ကိုယ် တစ်ယောက် သာ သိရပါမယ်။
🔸လူသွားလမ်း နဲ့ လူတွေ တွေ့မြင်နိုင်တဲ့ နေရမျိုးလည်း ဖြစ်ရပါမယ်။ အလှူဆိုပြီး ရေထဲ ပစ်ချလိုက်သလို မျိုးတော့ မဖြစ်ရပါဘူး။

🔸နောက် တစ်ရက်မှာ မိမိ လှူလိုက်တဲ့ ပစ္စည်း ကို ရသွားတဲ့ လူ က ကောင်းချီးမင်္ဂလာ ပေးတဲ့အခါ မှာ ကုသိုလ် ရပါလိမ့်မယ်။
🔸 အဲဒီ ကုသိုလ် ဟာ ( ရှေး အရင် က ရဟန်းတွေ ဟာ လှည့်လည် အလှူခံခြင်း မပြုဘဲ ၊ အမှိုက်ပုံ ..စတဲ့ နေရာတွေကနေ အ၀တ်စုတ်၊ တွေ ကောက်ယူပြီး သင်္ကန်း ချုပ်၀တ်လေ့ရှိပါတယ်။

 

အ၀တ်ကောင်းကောင်း လေး ရပြီဆိုရင် အဲဒီ ရဟန်းအဖို့ တစ်နွေစာ တရားအားထုတ်လို့ ရနိုင်ပြီပေါ့)ခုန ရဟန်းတစ်ပါး ဟာ အ၀တ်ကောင်းကောင်း လေး တစ်ခု ရသွားတဲ့ အခါ မှာ ဖြစ်တဲ့ ပီတိ နဲ့ အလားတူပါတယ်။ ကုသိုလ်ရပုံချင်းလည်း တူပါတယ်။
🔸🔸ဒါကြောင့် ” ပံ့သကူ ပစ်တယ်” ဆိုတဲ့ စကား ပေါ်ပေါက်လာတာပါ🔸🔸
Crd

Be the first to comment

Leave a Reply

Your email address will not be published.


*