က.ည.န ကနဦး ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ဒီဇင်ဘာ(၁)ရက်နေ့ ပြန်လည်စတင်မည်

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရဲ့ ကနဦး ယာဉ်မှတ်ပုံတင် လုပ်ငန်းတွေကို ဒီဇင်ဘာ(၁)နေ့မှာ ပြန်လည်စတင်တော့မှာ ဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ကိုဗစ်-၁၉ ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်အရ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေနဲ့ ကနဦးယာဉ်မှတ်ပုံတင်ဌာန (နေပြည်တော်၊ ထောက်ကြန့်၊ ရွာသာကြီး၊ မန္တလေး) ရုံးများရဲ့ ကနဦးမှတ်ပုံတင် ဝန်ဆောင်မှုလုပ်ငန်းတွေကို ဒီဇင်ဘာ(၁)ရက်နေ့ (အင်္ဂါနေ့)မှ စတင်ပြီး ပြန်လည်လက်ခံ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

မော်တော်ယာဉ်များ မှတ်ပုံတင်ရာမှာ ပေးဆောင်ရမယ့် ယာဉ်ထုတ်ရက်လွန် ဒဏ်ကြေးကို ဝန်ဆောင်မှုရက်ဆိုင်းတဲ့ ၁၄.၉.၂၀၂၀ ရက်နေ့မှ ၃၀.၁၁.၂၀၂၀ ရက်နေ့အထိ (၇၈)ရက် ကာလကို ထည့်သွင်းရေတွက်ခြင်း မပြုဘဲ လျှော့ပေါ့ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

သို့သော် ၂၈.၂.၂၀၂၁ ရက် နောက်ပိုင်းမှ လာရောက်ဆောင်ရွက်တဲ့ ကနဦး မှတ်ပုံတင်ယာဉ်များအနေနဲ့ ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေးငွေ လျှော့ပေါ့ခွင့် ရရှိမှာမဟုတ်ဘဲ မူလသတ်မှတ်ချက်တွေအတိုင်း ဒဏ်ကြေးများ ပေးဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဝင်ဘာ၊ ၂၈
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရဲ့ ကနဦး ယာဉ်မှတ်ပုံတင် လုပ်ငန်းတွေကို ဒီဇင်ဘာ(၁)နေ့မှာ ပြန်လည်စတင်တော့မှာ ဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ကိုဗစ်-၁၉ ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်အရ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေနဲ့ ကနဦးယာဉ်မှတ်ပုံတင်ဌာန (နေပြည်တော်၊ ထောက်ကြန့်၊ ရွာသာကြီး၊ မန္တလေး) ရုံးများရဲ့ ကနဦးမှတ််ပုံတင် ဝန်ဆောင်မှုလုပ်ငန်းတွေကို ဒီဇင်ဘာ(၁)ရက်နေ့ (အင်္ဂါနေ့)မှ စတင်ပြီး ပြန်လည်လက်ခံ ဆောင်ရွက်သွားမှာ ဖြစ်တယ်လိုိ့ သိရပါတယ်။

 

မော်တော်ယာဉ်များ မှတ်ပုံတင်ရာမှာ ပေးဆောင်ရမယ့် ယာဉ်ထုတ်ရက်လွန် ဒဏ်ကြေးကို ဝန်ဆောင်မှုရက်ဆိုင်းတဲ့ ၁၄.၉.၂၀၂၀ ရက်နေ့မှ ၃၀.၁၁.၂၀၂၀ ရက်နေ့အထိ (၇၈)ရက် ကာလကို ထည့်သွင်းရေတွက်ခြင်း မပြုဘဲ လျှော့ပေါ့ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

သို့သော် ၂၈.၂.၂၀၂၁ ရက် နောက်ပိုင်းမှ လာရောက်ဆောင်ရွက်တဲ့ ကနဦး မှတ်ပုံတင်ယာဉ်များအနေနဲ့ ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေးငွေ လျှော့ပေါ့ခွင့် ရရှိမှာမဟုတ်ဘဲ မူလသတ်မှတ်ချက်တွေအတိုင်း ဒဏ်ကြေးများ ပေးဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*