ရွှေတိဂုံစေတီရဲ့ တန်ဆောင်မုန်းလပြည့်နေ့အစီအစဉ်တွေကို Onlineကသာ ဖူးမြော်ရမည်

ကိုဗစ်၁၉ကြောင့် ဘုရားစေတီတွေကို ဖူးမြော်ခွင့်ပိတ်ထားတဲ့အတွက် လာမယ့် တန်ဆောင်မုန်းလပြည့်နေ့မှာ ရွှေတိဂုံစေတီတော်ရဲ့ ကျင်းပမယ့် အစီအစဉ်တစ်ချို့ကို အများပြည်သူဖူးမြော်နိုင်ဖို့ လူမှုကွန်ရက်ကနေသာ ထုတ်လွှင့်နိုင်မယ်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က သိရပါတယ်။

တန်ဆောင်မုန်းလပြည့်နေ့မတိုင်မီ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲနဲ့ တန်ဆောင်မုန်းလပြည့်နေ့ ကပ်လှူတဲ့အခမ်းအနားကိုလည်း ပုံစံပြောင်းပြီး ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

” ဒီနှစ်က ၂၉ရက်နေ့က လပြည့်နေ့ ၊ ပုံမှန်ဆို ၂၈ရက်နေ့ဆို မသိုးသင်္ကန်းရက်ပြိုင်ကြရမယ်။ ပြီးရင်ဆုပေးပွဲလုပ်တယ် ။ ၂၉ရက်မနက်ဆို အစောကြီးသင်္ကန်းကပ်ကြမှာပေါ့။အခုတော့ ကိုဗစ်ကြောင့် သင်္ကန်းကပ်မယ် ဘုရားကြီးကို ဒါပေမယ့် သင်္ကန်းကြီးတွေ အပြင်ကဝယ်ပြီး သေချာကပ်မယ်။

 

အပြင် လူတွေမပါတော့ဘူး ဂေါပကအဖွဲ့ဝင်တွေရယ်၊ဌာနမှူးတွေပဲ ပါမယ်။ ထိုင်တာလည်း စနစ်တကျ သူ့နေရာနဲ့သူ သတ်မှတ်ထားတယ်။ဆရာတော်ကြီးတွေကို ကပ်မယ်။ပြီးရင် ဘုရားငါးဆူမှာ လိုက်ပူဇော်မယ် ” လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့တာဝန်ရှိသူ ဦးသန်းဇော်က Duwun ကိုပြောပါတယ်။

 

မသိုးသင်္ကန်းပွဲမကျင်းပနိုင်ပေမယ့် ဆီမီးထွန်းပူဇော်မှုပြုလုပ်သွားမှာဖြစ်ပြီး ဒီအစီအစဉ်ကိုတော့အများပြည်သူဖူးမြော်နိုင်အောင် ရွှေတိဂုံစေတီတော်ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ တိုက်ရိုက်ထုတ်လွှင့်ပေးထားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

“ညကျရင်တော့ ဆီမီးပူဇော်မယ်။ဆီမီးကတော့ အားလုံးပေါင်း (၁၂,၀၀၀) ဖြစ်မယ် ။ ၆နာရီခွဲလောက်စမှာပေါ့။အဲဒီမှာ ပြည်သူတွေဖူးမျှော်နိုင်ဖို့ Live လွှင့်ဖို့ အစီအစဉ်လုပ်နေတယ်။ Board of Trustee of Shwedagon Pagoda ကနေ ခြောက်နာရီခွဲလောက်ကစပြီး ကြည့်လို့ရမယ်ပေါ့ ။

ဆီမီးပူဇော်တာတွေ ရိုက်ပြမယ် ။ ပြီးရင် အထက်ပစ္စယံကို တက်မယ် လိုက်ပြီး ပူဇော်လို့ရတာပေါ့။ ပတ္တမြားမျက်ရှင်မှာ နောက်ဆုံးဝင်ပြီး ကန်တော့မယ် မေတ္တာပို့ အမျှဝေမယ်။

တစ်နာရီခွဲလောက်တော့ အချိန်ကြာမယ် အားလုံး။ဖူးဖြစ်အောင် ဖူးကြပါ ” လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့တာဝန်ရှိသူ ဦးသန်းဇော်က Duwun ကိုပြောပါတယ်။

လက်ရှိမှာတော့ ကိုဗစ်၁၉ရောဂါအခြေအနေကြောင့် မြန်မာနိုင်ငံတစ်ဝန်းက တန်ခိုးကြီးဘုရားတွေကို ဝင်ရောက်ဖူးမြော်ခွင့် ပိတ်ထားသလို မကြာမီရက်ပိုင်းအတွင်းမှာတော့ ကိုဗစ်၁၉ကူးစက်မှု အခြေအနေပေါ်မူတည်ပြီး

 

ပြန်လည်ဖူးမြော်ခွင့်ပေးနိုင်ဖို့ ဆောင်ရွက်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်သူသို့ အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ နိုဝင်ဘာလ ၂၃ရက်က ပြောကြားခဲ့ပါတယ်။

Credit yangonday

Be the first to comment

Leave a Reply

Your email address will not be published.


*