ညအိပ် မပျော်သူတွေ အတွက် ဆယ်မိနစ် အတွင်း အိပ်ပျော် စေမယ့် နည်းလမ်း

အိပ်မပျော်တဲ့ပြဿနာဆိုတာ ဒီနေ့ခေတ်မှာ လူအများစုဖြစ်နေတဲ့ပြဿနာပါ။ အတွေးလွန်တတ်တဲ့ အကျင့်ကြောင့်၊ စိတ်ဖိစီးမှုတွေကြောင့်၊ အဆင်မပြေမှုတွေကြောင့် စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ညဘက်အိပ်မပျော်တဲ့ ပြဿနာကို ကြုံတွေ့ကြ ရပါတယ် …။

ညဘက်အိပ်မပျော်ခြင်းက စိတ်ဖိစီးမှုတွေကို ပိုဖြစ်စေပြီး ကျန်းမာရေးအတွက်လည်း လုံးဝမကာင်းပါဘူး။ ဒါကြောင့် ညဘက်မှာ လွယ်လွယ်အိပ်ပျော်စေဖို့၊ ဆယ်မိနစ်အတွင်း အိပ်ပျော်စေမယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …..။

(၁) ခန္ဓာကိုယ်ကို ဖြေလျော့ထားပါ

၁၀ မိနစ်အတွင်းအိပ်ပျော်စေဖို့ ပထမဆုံးအိပ်ရာပေါ်မှာ ပက်လက်လဲအိပ်ပြီး မျက်လုံးမှိတ်ကာ ခန္ဓာကိုယ်ကိုဖြေလျော့ထားပါ။ တစ်ကိုယ်လုံးက အကြောတွေကို ဖြေလျော့ထားပြီး ခန္ဓာကိုယ်က ဂွမ်းစလေးလို ပေါ့ပါးနေတယ်လို့ တွေးလိုက်ပါ …။

(၂) အသက်ရှူတာကို အာရုံစိုက်ပါ

အိပ်ရာပေါ်မှာ ပက်လက်လဲအိပ်ပြီး တစ်ကိုယ်လုံးက အကြောတွေကို ဖြေလျှော့ထားပြီးတာနဲ့ အသက်ကိုဖြည်းဖြည်းချင်းရှူပြီး အသက်ရှူတာကို အာရုံစိုက်ထားလိုက်ကာ လေရှူသွင်းရှူထုတ်တာကို လိုက်မှတ်ထားပေးပါ..။

(၃) စိတ်ကိုစုစည်းပါ

အသက်ရှူတာကိုအာရုံစိုက်ပြီး လေရှူသွင်း၊ရှူထုတ်တာကိုလိုက်မှတ်ပြီး စိတ်အာရုံကို တခြားဆီလွင့်ထွက်မသွားစေဖို့အတွက် စိတ်ထဲကနေ နွေးထွေးပြီးဆိတ်ငြိမ်တဲ့နေရာတစ်ခုမှာရောက်နေတယ်လို့ တွေးလိုက်ပါ။ တခြားအတွေးတွေမတွေးဘဲ ခေါင်းအစခြေအဆုံး နွေးထွေးပြီးလုံခြုံနေတယ်လို့ပဲတွေးပါ …..။

ဒီနည်းလမ်းတွေက ညဘက်အိပ်မပျော်တဲ့သူတွေကို ၁၀ မိနစ်အတွင်း ကောင်းကောင်း အိပ်ပျော်စေမယ့်နည်းလေးတွေပဲဖြစ်ပါတယ်။ အိပ်မပျော်တဲ့သူတွေစမ်းကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်နော် …။ ။

Written by PP

Be the first to comment

Leave a Reply

Your email address will not be published.


*