
ပရိသတ်ကြီးရေ.. Star’s & Models Int’l ကို တည်ထောင်ပြီး မော်လ်ဒယ်လောကရဲ့ အောင်မြင်မှုတွေနဲ့ အနုပညာရှင်များစွာကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ ဂျွန်လွင်ကိုတော့ ပရိသတ်တွေ တော်တော်များများ သိရှိကြလိမ့်မယ်လို့ ထင်ပါတယ်နော်..။ တပည့်တွေကို မြေတောင်မြှောက် အောင်မြင်အောင် ပျိုးထောင်ပေးနိုင်တဲ့ ဆရာဂျွန်လွင်ကတော့ စကားပြောပွင့်လင်းပြီး ကူညီတတ်သလို စိတ်စေတနာကောင်းတွေကြောင့်လည်း ပရိသတ်တွေကြား အမြဲရေပန်းစားနေတာလည်း ဖြစ်ပါတယ်နော်..။
အမြဲလိုလို သူရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေ ဗီဒီယိုလေးတွေကိုလည်း အမြဲဖော်ပြလေ့ရှိတာလည်းဖြစ်သလို ပျော်ပျော်နေတတ်တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ် ။ဒါ့အပြင် အလုပ်တွေ ကြိုးစားလုပ်ကိုင်သလို အလှူအတန်းတွေဆိုရင်လည်းရှေ့ကနေ ဦးဆောင်လုပ်ကိုင်တတ်တာကြောင့်အားလုံးက လေးစားချစ်ခင်အားကျနေရတာပါနော် ။ မကြာသေးခင်ကလဲ သူနဲ့ပြည်သူတွေပူးပေါင်းပြီး ကိုဗစ်သက်သာတဲ့ဆေး 254 သိန်းဖိုးကို ဧရာဝတီ ကိုဗစ်ကုသရေးစင်တာမှာသွားရောက်လှူဒါန်းခဲ့ပါသေးတယ်။
ဂျွန်လွင်ကတော့ ပရိသတ်တွေ အံ့အားသင့်သွားမဲ့ Pre wedding ပုံလေးတွေတင်ခဲ့တာပဲဖြစ်ပါတယ်။ ဂျွန်လွင်က “လက်ထပ်ဖို့pre wedding ရိုက်ပြီးမှမယူဖြစ်တဲ့ယီးစားဟောင်းအမှတ်တရ Singapore model life” ဆို့ပြီးတင်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ဂျွန်လွင်ရဲ့ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။
Swelsone News
Leave a Reply