
COVID-19စစ်ဆေး၊ ကုသတာတွေဆောင်ရွက်ပေးဖို့လျှောက်ထားတဲ့ ပုဂ္ဂလိ ကဆေးရုံစုစုပေါင်း(၄)ရုံရှိလာပြီဖြစ်တယ်လို့ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများ အသင်းဥက္ကဌ ဒေါက်တာထင်ပေါ်ကပြောပါတယ်။ ပထမလျှောက်ထားတဲ့ ပန်းလှိုင်ဆေးရုံ၊ အကယ်ဒမီဆေးရုံအစရှိတဲ့ ပုဂ္ဂလိကဆေးရုံနှစ်ရုံကိုတော့ နှစ်ကြိမ်စစ်ဆေးထားပြီဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာ SSCဆေးရုံနဲ့ ရွှေလ မင်းဆေးရုံတို့ထပ်မံလျှောက်ထားလာတာဖြစ်တယ်လို့ဒေါက်တာထင်ပေါ်က အခုလိုပြောပါတယ်။
“လက်ရှိအခြေအနေကတော့လျှောက်ပေါ့။ လျှောက်ရင် ပထမနှစ်ခု(ဆေးရုံနှစ် ရုံ)ကိုတော့စစ်ဆေးပြီးသွားပြီ နှစ်ကြိမ်လောက်စစ်ဆေးပြီးသွားပြီ။ လိုအပ်တာ တွေလည်းပြင်ဆင်ခိုင်းတယ်ပေါ့နော်။ အခုထက်ထိတော့လုပ်ပါ လို့မချပေး သေးဘူး။
ပန်းလှိုင်နဲ့အကယ်ဒမီဆေးရုံကတော့ နှစ်ကြိမ်လောက်တော့စစ်ပြီး သွားပြီ။ ပြည်သူလူထုကစိတ်ဝင်စားတယ်။ ပုဂ္ဂလိကဆေးရုံတွေကလည်း စိတ်ဝင်စားတယ်။ နိုင်ငံတော်ကတော့ မချပေးသေးဘူးပေါ့။ ပုဂ္ဂလိကဆေးရုံ တွေကို COVIDစစ်ဆေးပေးရုံသက်သက်ခွင့်မပြုဘူး။ အကုန်လုပ်မှ (စစ်ဆေး တာအပြင်ကုသပေးတာ)ခွင့်ပြုတာ။ အကုန်လုပ်ပေးမှာ”လို့ ဒေါက်တာထင်ပေါ် ကပြောပါတယ်။
လတ်တလောမှာတော့ ပုဂ္ဂလိကဆေးရုံလေးရုံက လျှောက်ထားပြီးဖြစ်ပေမယ့် နိုင်ငံတော်ရဲ့ခွင့်ပြုချက်ကိုတော့ စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဆေးရုံစုစုပေါင်း(၂၀၀၀)ကျော်ရှိပြီး COVID-19 စစ်ဆေး၊ ကုသမှုအစအဆုံးကို တာဝန်ယူ ဆောင်ရွက်ဖို့လျှောက်ထားတဲ့ ဆေးရုံကတော့ (၄)ရုံသာရှိသေးတာပါ။
လတ်တလောမှာတော့ ပုဂ္ဂလိကဆေးရုံ အများစုက COVID-19စစ်ဆေးပေးတာကိုသာ ဆောင်ရွက်ပေးနိုင်ပြီး COVID-19စစ်ဆေး၊ ကုသပေးတာအစအဆုံးဆောင်ရွက်ပေးနိုင်ဖို့ ခက်ခဲနေတဲ့အတွက် လျှောက်ထားတဲ့ဆေးရုံတွေ နည်းနေသေးတာဖြစ်ပါတယ်။
သတင်း-သူသူထက်လွင်
Photo -Myanmar Private Hospitals’ Association
Leave a Reply