
ပုရိသယောက်ကျားလေးတွေ အရမ်းကို ချစ်ပြီး အားပေးကြတဲ့ ဆရာဝန်မလေး ပိုးမမှီသာကတော့ အောင်မြင်တဲ့ မင်းသမီးတစ်လက် ဖြစ်နေပါပြီ။ ပိုးကို Sai Cosmeticကနေတစ်ဆင့် စတင်ပြီး သတိထားမိလာခဲ့ကာ နောက်ပိုင်းမှာတော့ ကြော်ငြာရိုက်ကူးရေးတွေကို ဆက်တိုက်လုပ်ဆောင်လာတာကို တွေ့ရပါတယ်။
ပိုးက ကြားထဲမှာ ဆေးကျောင်းလည်း တစ်ဖက် တက်နေရတော့ အနုပညာအလုပ်တွေကို ခနရပ်နားခဲ့ကာ စာတွေကြိုးစားရင်း မိဘတွေ လေးစားအားထားရတဲ့ ဒေါက်တာမလေး ပိုးမမှီသာ ဖြစ်လာခဲ့ပါတယ်။ အဲ့နောက်ပိုင်းမှာတော့ သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့ တွဲဖက်ပြီး “ပိတောက်ကတဲ့ ဂီတ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပိုးမဒီဆိုတဲ့ အဓိကဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ခဲ့ကာ ပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိခဲ့ပါတယ်။
ခုတစ်ခါမှာတော့ ပိုးက “ခုတစ်လော ဆောင်းလေလေးက အနည်းငယ်အေးပါသတဲ့ 🖤”လို့ဆိုကာ သူမရဲ့ ချစ်စရာပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ ဆောင်းအငွေ့အသက်လေးကို အပြည့်အဝ ခံစားနေတဲ့ ပိုးရဲ့ အလှပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Poe Mamhe Thar
Leave a Reply