ပျံသန်းနေတဲ့ လေယာဉ်က အမြင့်ပေ ၂၀၀၀၀ ကျော်မှာ အမိုးပွင့်ထွက်သွားတဲ့ဖြစ်စဉ်

ဒီဖြစ်စဉ်က လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ကျော် ၊ ၁၉၈၈ ခုနှစ် ဧပြီလ ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တာပါ။ ဟာဝိုင်ယီအခြေစိုက် Aloha လေကြောင်းလိုင်းက Queen Liliuokalani အမည်ရတဲ့လေယာဉ်မှာ ဖြစ်ခဲ့တာပါ။ လေယာဉ်အမျိုးအစားကတော့ ဘိုးရင်း 737-297 လေယာဉ်ဖြစ်ပါတယ်။ ဒီလေယာဉ်အမှတ် ၂၄၃ ဟာ အဲဒီနေ့က Hilo လေဆိပ်ကနေ ဟာဝိုင်ယီ နိုင်ငံတကာလေဆိပ်ကို ခရီးသည် နဲ့ ဝန်ထမ်းစုစုပေါင်း ၉၅ ဦးကို သယ်ဆောင် ပျံသန်းခဲ့တာဖြစ်ပါတယ်။

 

 

ပျံသန်းနေစဉ် Kahului မြို့ရဲ့ ၂၆မိုင်ခန့်အကွာ အမြင့်ပေ ၂၄၀၀၀ အရောက်မှာတော့ လေယာဉ်အလယ်က အမိုးဟာ ပေါက်ထွက်သွားခဲ့ပါတယ်။ ပွင့်ထွက်သွားတဲ့အမိုးရဲ့အလျားဟာ ၁၈.၅ပေခန့် ရှိပါတယ်။ လေယာဉ်မှူးဟာ အနီးမှာရှိတဲ့ Kahului လေဆိပ်ကို ကောင်းမွန်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။

 

 

စီးနင်းလိုက်ပါခဲ့သူ ၉၅ ယောက်မှာ ၉၄ယောက်အသက်ရှင်ခဲ့ပြီး အသက် ၅၈အရွယ် လူတယောက် ဆုံးပါးခဲ့ရပါတယ်။ Explosive Decompression အတွင်း ဖိအားများလွန်းလို့ အခုလို ပေါက်ကွဲခဲ့ရတာလို့ သိရပါတယ်။
(အတော်လန့်စရာနော် အဲဒီအချိန်စီးနေတဲ့သူတွေ ကမ္ဘာပျက်မတတ်ဖြစ်နေကြမှာ)
#Thutazone
www.thutazone.net

Be the first to comment

Leave a Reply

Your email address will not be published.


*