သား ယောကျာ်းလေး (၁၃) ယောက် မွေးထားပေမယ့် သမီးမမွေးမချင်း ကလေးထပ်ယူဦးမယ် ဆိုတဲ့ စုံတွဲ

ဘရာဇီးနို င်ငံမှာေ နထိုင်တဲ့ Ireneu Cruz အမည်ရလယ်သ မားတစ်ဦးနဲ့ ဇနီးဖြစ်သူတို့ဟာ သမီး မိန်းကလေးမမွေးမချင်း ကလေးမွေးလာလိုက်တာ သားချည်းပဲ ၁၃ယော က်ထွက်လာ တဲ့အ ထိပါပဲ။ သူတို့လင်မယားဟာ လက်ထပ်ခဲ့တာ ဆယ်စုနှစ် နှစ်စုကြာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အကြီးဆုံးသားဟာ အသက်၁၈နှစ် ရှိနေပြီဖြစ်ပြီး အငယ်ဆုံးသားလေးကတော့ လသားအရွယ်ပဲ ရှိပါသေးတယ်။

 

 

သူတို့လင်မယားနှစ်ယောက်ဟာ ဇနီးဖြစ်သူ Jucicleide Silva ကိုယ်ဝန်ရတဲ့အချိန်မှာ ယောကျာ်းလေး ဖြစ်ရင် ခင်ပွန်းက ကလေးကိုနာမည်ပေးမှာဖြစ်ပြီး၊ မိန်းကလေးဆိုရင်တော့ ဇနီး ကနာမည်ပေး မှာဖြစ်တယ်လို့ ကတိထားခဲ့ကြပါတယ်။ ဒါပေမယ့်အခုချိန်ထိတော့ ခင်ပွန်းဖြစ်သူကနေသာ သား၁၃ယောက်လုံးကို နာမည်ပေးခဲ့ရပြီး Silvaအနေနဲ့ သမီးမိန်းကလေး မမွေး လာေ သးတာကြောင့် သူမရဲ့ကလေးကို နာမည်ပေးဖိုအခွင့်အရေးမရသေးဘူးလို့ဆိုပါတယ်။

 

သုတေသနပြုလုပ်ချက်အရ သားယောကျာ်းလေးတွေချည်းပဲ ၁၃ယောက်မွေးဖွားဖို့ ဆိုတာ အပုံ၈ဝဝဝမှာ တစ်ပုံသာရှိတဲ့ ဖြစ်နိုင်ချေဖြစ်ပြီး Ireneuတို့ လင်မယားကတော့ မိန်းကလေးမ ရမ ချင်း ဆက်ကြိုးစားသွားမယ်လို့ဆိုပါတယ်။ ဒါ့အပြင် သဖြစ်သူတွေဟာ ရွာထဲမှာ ဘောလုံးကန်တော်တဲ့သူတွေဖြစ်ပြီး နာမည်တွေကိုလည်း ဘောလုံးသမနာမည်တွေကိုယ်စားပြု ပေး ထားကြောင်း သိရပါတယ်။credit

Be the first to comment

Leave a Reply

Your email address will not be published.


*