လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀ ကျော်က ရေခဲလူသား

ဥရောပတိုက်က သြစတြီးယားနဲ့ အီတလီနယ်စပ်အကြား Hauslabjoch ဒေသ အနီးက Otztal Alps တောင်တန်းမှာ (၁၉၉၁)ခုနှစ်မှာတွေ့ရှိခဲ့တဲ့ Otzi the Iceman လို့အမည်ပေးထားတဲ့ အမျိုးသားမံမီရုပ်အလောင်းဟာ ဥရောပရဲ့သဘာဝအတိုင်းတွေ့ရတဲ့သက်တမ်း အရင့်ဆုံး မံမီရုပ်အလောင်းလည်းဖြစ်ပါတယ်။

 

 

 

 

မံမံရုပ်အလောင်းအများစုဟာ ပုပ်သိုးလွယ်တဲ့အပိုင်းတွေကို ဖယ်ထုတ်ပြီး ဆေးစီရင်ထားတာဖြစ်ပေမယ့် Otzi ကတော့ အေးခဲလွန်းတဲ့ရေခဲထုကြောင့် မပျက်မစီးပဲ ရှိနေရတာပါ။ Otzi ကရေခဲလူသားလို့ နာမည်နဲ့လိုက်အောင်ပဲ အမြင့်ပေ ၁၀၅၀၀ ဝန်းကျင်အမြင့်တောင်တန်းနေရာက အေးခဲတဲ့ရေခဲထုအကြားမှာ ဘီစီ ၃၄၀၀ နဲ့ ၃၁၀၀ ကြားကာလကတည်းက သေဆုံးခဲ့တဲ့ အမျိုးသားရဲ့ရုပ်အလောင်းဟာ မပျက်စီးပဲရှိနေခဲ့တာဖြစ်ပါတယ်။

 

 

 

လေ့လာချက်တွေအရတော့ Otzi the Iceman ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀၀၀) ကနေ (၁၂၀၀၀)အကြားကာလကတည်းက ဘိုးဘေးအစဉ်အဆက်မျိုးနွယ်စုတစ်ခုမှဖြစ်ပြီး သူရဲ့ကိုယ်ခန္ဓာအနှံ့မှာလည်း အမှတ်အသားအခု(၅၀)လောက်ရှိတယ်လို့သိရပါတယ်။ ခန္ဓာကိုယ်အပြင် အသုံးအဆောင်ပစ္စည်းတွေပါ ပျက်စီးသင့်သလောက် မပျက်စီးသေးပဲ ရှာဖွေတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

 

 

 

အစားအသောက်အနေနဲ့ ဝတ်မှုန်တွေနဲ့ ဆိတ်သားကိုစွဲမြဲစားသောက်ခဲ့သူဖြစ်တယ်လို့အဖြေထွက်ခဲ့ပြီး သူရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာပုံမှန်မဟုတ်တာကြောင့်လည်း Otzi the Iceman ဟာ အသက်ရှင်စဉ်က ရောဂါထူပျောသူတစ်ဦးဖြစ်ရမယ်လို့ခန့်မှန်းထားကြပါတယ်။ ဘယ်ဘက်လက်မောင်းမှာတော့ မြှားတချောင်းစိုက်ဝင်နေပြီး အဲဒီနေရာတဝိုက်မှာ ပျက်စီးနေတာကြောင့် ဒီဒဏ်ရာနဲ့ပဲ သေဆုံးတယ်လို့ ယူဆကြပါတယ်။

 

Ötzi ဟာ အရပ်အမြင့် ၅ပေ၃လက်မခန့်ရှိပြီး ကိုယ်အလေးချိန် ၁၁၀ပေါင်ခန့်ရှိကာ အသက် ၄၅နှစ်ခန့်မှာ သေဆုံးခဲ့တာ လို့ ပညာရှင်တွေက ခန့်မှန်းတွက်ချက်ထားပါတယ်။ (၂၀၀၁)ခုနှစ်မှာတော့ သိပ္ပံပညာရှင်တွေဘက်က Otzi the Iceman ရဲ့ကိုယ်အတွင်းက သွေးနီဥဆဲတွေကိုအောင်မြင်စွာထုတ်ယူနိုင်ခဲ့ကြပါတယ်။ လက်ရှိအချိန်မှာတော့ သူ့ရဲ့မံမီကို အီတလီ Bolzano မြို့က သုတေသနပြတိုက်မှာ ပြသထားပါတယ်။ အဲဒီအချိန်က ရှိခဲ့တဲ့ သူ့ရဲ့ပုံပန်းသွင်ပြင်ကိုလည်း 3D နည်းပညာနဲ့ ဖော်ထုတ်ပြသထားပါတယ်။
#Thutazone

သုတ ဇုန်

Be the first to comment

Leave a Reply

Your email address will not be published.


*