Sai Sai Kham Leng နှင့် တွဲဖက် သီချင်းထုတ်ဖို့ 2NE1ရဲ့Park Bom အဖြစ် တရားဝင် အတည်ပြု

နိုင်ငံကျော် တေးသံရှင် အဆိုတော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ ကြာလာလေ ပိုနုလာလေ ဖြစ်တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ ငယ်ရွယ်စဉ် အဆိုတော်ပေါက်စဘဝလေးကတည်းက သူ့ရဲ့ Rapစာသားတွေနဲ့ အလွမ်းအဆွေး သီချင်းလေးတွေဟာ ပရိတ်သတ်အခိုင်အမာ အားပေးမှုကို ရရှိခဲ့တာပါ။

 

 

 

 

 

လတ်တလောမှာတော့ စိုင်းက သူရဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ “Sai Cosmetic”Brandကို ထုတ်လုပ်ထားကာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ “Sai Cosmetic”ကနေ မွေးထုတ်ပေးခဲ့တဲ့ နာမည်ကြီးမော်ဒယ်များဟာလည်း စိုင်းရဲ့ အမာခံပရိတ်သတ်များပဲ ဖြစ်ပါတယ်။ စိုင်းဟာ Covidကာလအတွင်း အပျင်းပြေရအောင် ပရိတ်သတ်တွေကို Challengeတွေ ခေါ်လျှက် ရှိနေတာကိုလည်း တွေ့ရပါတယ်။

 

 

 

 

 

ခုတစ်ခါမှာတော့ “မြန်မာနိုင်ငံရဲ့ နာမည်ကြီးအဆိုတော် Sai Sai ရဲ့ သီချင်းသစ်မှာ ပါဝင်ဖို့ 2NE1 ရဲ့ Park Bom ကို ကမ်းလှမ်းခဲ့ရာ လက်ခံမှု ရရှိခဲ့ပြီး အခုဆိုရင် Bom နဲ့ Sai Sai တို့ရဲ့ သီချင်းသစ်ကို မကြာခင်မှာ နားဆင်ရတော့မှာ ဖြစ်ပါတယ်.မြန်မာအတွက်သာ မက Asia အတွက်ပါ ပထမဆုံး Music Collaboration project ဖြစ်ပြီး တောင်ကိုရီးယားရဲ့ ထိပ်တန်း အနုပညာရှင်ဖြစ်တဲ့ Park bom အတွက်လည်း နိုင်ငံရပ်ခြားနဲ့ ပထမဆုံး Collaboration ဖြစ်ပါတယ်.Park bom ကတော့ 2019 ကတည်းက စပြီး တစ်ကိုယ်တော် ရပ်တည်နေပြီး အောင်မြင်မှုတွေ ရရှိနေဆဲ ဖြစ်တဲ့ Vocalist တစ်ယောက်လည်း ဖြစ်ပါတယ်.။

 

မြန်မာ ဘက်က ကမ်းလှမ်းခဲ့ရာ မထင်မှတ်ပဲ မြန်မြန်ဆန်ဆန် အကြောင်းပြန်ချက်ရခဲ့ ပြီးCollaboration Project လုပ်ဖစ်သွားတာဖြစ်ပါတယ်.သီချင်းနာမည်ကတော့ “Red Light” ပဲဖြစ်ပါတယ်”လို့ဆိုကာ အရုပ်မလေးမျက်နှာနဲ့ vocal powerကောင်းကောင်းကြီးကို ပိုင်ဆိုင်ထားတဲ့ Boomရဲ့ Fan pageကနေ ထုတ်ပြန်လာခဲ့တာပဲ ဖြစ်ပါတယ်။

Source; Boom’s Fan Page

Be the first to comment

Leave a Reply

Your email address will not be published.


*