မၾကာခင္မွာ သမီးေခ်ာေလး ေမြးေတာ့မယ့္ ဇနီးေလးရယ္ သားေလးရယ္ နဲ႔အတူ သာယာတဲ့ ညေနခင္းေလးမွာ လမ္းေလွ်ာက္ အပန္းေျဖေနတဲ့ ျမင့္ျမတ္တို႕ မိသားစု

မင္းသားေခ်ာ ျမင့္ျမတ္ ကေတာ့ျပီးခဲ့တဲ့ (၂၀၁၇)ခုနွစ္မွာ အိမ္ေထာင္က်ျပီး သာယာေအးခ်မ္းတဲ့ မိသားစုဘဝေလး ကို တည္ေဆာက္ထားတာပဲ ျဖစ္ပါတယ္။ ျမင့္ျမတ္က ငယ္ငယ္ကတည္းက ခ်စ္ခဲ့ရတဲ့ မႏၱေလးသူေလး မခင္သူေအာင္နဲ့အတူတူ ခ်စ္စရာေကာင္းတဲ့ သားေလးျမတ္သူကို ေမြးဖြားထားျပီး ကေလးေဖေဖ တစ္ေယာက္အေနနဲ့ အနုပညာ အလုပ္ေတြကို ဆက္လက္ လုပ္ကိုင္ေနဆဲ ျဖစ္ပါတယ္။ ျမင့္ျမတ္ တစ္ေယာက္ အိမ္ေထာင္က် သြားေပမယ့္ ပရိသတ္ေတြကေတာ့ အရင္ကအတိုင္း ခ်စ္ခင္အားေပး ေနၾကဆဲျဖစ္ျပီး ျမင့္ျမတ္ရဲ့ ဇနီးေခ်ာေလးနဲ့ သားေလးျမတ္သူ ကိုလည္း ခ်စ္ေပးၾကတာပဲ ျဖစ္ပါတယ္။

 

 

လက္ရိွ ရုပ္ရွင္ဇာတ္ကားရိုက္ကူးျခင္းေတြ ရပ္နားထားတဲ့ ျမင့္ျမတ္ကေတာ့ သူ့အတြက္ အားလပ္ခ်ိန္ေတာ္ေတာ္မ်ားမ်ားရိွေနခဲ့တာျဖစ္ျပီး သူ့ရဲ့ မိသားစုေလးအရင္က ထက္ပိုျပီးအခ်ိန္ေပးျဖစ္ ေနတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ျမင့္ျမတ္က ရာသီဥတုသာယာတဲ့ ေန့ေလးမွာ ခ်စ္ဇနီးနဲ့ သားေလးကို ေခၚျပီး ညေနခင္း ဆည္းဆာၾကည့္ အပန္းေျဖခဲ့ေၾကာင္းကို “သာယာတဲ့ ေနရာေလးမွာ ညေနခင္းဆည္ဆားၾကည့္ရင္း လမ္းထြက္ေလွ်ာက္ with family …” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္ စာမ်က္နွာမွာ မိသားစုပံုရိပ္ေတြကို မွ်ေဝေပး လာပါတယ္။

 

 

ျမင့္ျမတ္ကေတာ့ အခုဆိုရင္ ခ်စ္စရာေကာင္းတဲ့ သားေလး ျမတ္သူကို ပိုင္ဆိုင္ထားတဲ့ အျပင္ သူ့ရဲ့ဇနီး မခင္သူေအာင္ ကလည္း ေနာက္ထပ္ ကိုယ္ဝန္ကို လြယ္ေဆာင္ ထားတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ျမင့္ျမတ္တို့ မိသားစုေလးကို ၾကည့္ျပီး အေပ်ာ္ေတြကူးစက္ သြားမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

 

 

Credit:Cele Connections
Cele Secrets

မကြာခင်မှာ သမီးချောလေး မွေးတော့မယ့် ဇနီးလေးရယ် သားလေးရယ် နဲ့အတူ သာယာတဲ့ ညနေခင်းလေးမှာ လမ်းလျှောက် အပန်းဖြေနေတဲ့ မြင့်မြတ်တို့ မိသားစု

မင်းသားချော မြင့်မြတ် ကတော့ပြီးခဲ့တဲ့ (၂၀၁၇)ခုနှစ်မှာ အိမ်ထောင်ကျပြီး သာယာအေးချမ်းတဲ့ မိသားစုဘဝလေး ကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ မြင့်မြတ်က ငယ်ငယ်ကတည်းက ချစ်ခဲ့ရတဲ့ မန္တလေးသူလေး မခင်သူအောင်နဲ့အတူတူ ချစ်စရာကောင်းတဲ့ သားလေးမြတ်သူကို မွေးဖွားထားပြီး ကလေးဖေဖေ တစ်ယောက်အနေနဲ့ အနုပညာ အလုပ်တွေကို ဆက်လက် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ မြင့်မြတ် တစ်ယောက် အိမ်ထောင်ကျ သွားပေမယ့် ပရိသတ်တွေကတော့ အရင်ကအတိုင်း ချစ်ခင်အားပေး နေကြဆဲဖြစ်ပြီး မြင့်မြတ်ရဲ့ ဇနီးချောလေးနဲ့ သားလေးမြတ်သူ ကိုလည်း ချစ်ပေးကြတာပဲ ဖြစ်ပါတယ်။

 

 

လက်ရှိ ရုပ်ရှင်ဇာတ်ကားရိုက်ကူးခြင်းတွေ ရပ်နားထားတဲ့ မြင့်မြတ်ကတော့ သူ့အတွက် အားလပ်ချိန်တော်တော်များများရှိနေခဲ့တာဖြစ်ပြီး သူ့ရဲ့ မိသားစုလေးအရင်က ထက်ပိုပြီးအချိန်ပေးဖြစ် နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မြင့်မြတ်က ရာသီဥတုသာယာတဲ့ နေ့လေးမှာ ချစ်ဇနီးနဲ့ သားလေးကို ခေါ်ပြီး ညနေခင်း ဆည်းဆာကြည့် အပန်းဖြေခဲ့ကြောင်းကို “သာယာတဲ့ နေရာလေးမှာ ညနေခင်းဆည်ဆားကြည့်ရင်း လမ်းထွက်လျှောက် with family …” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ မိသားစုပုံရိပ်တွေကို မျှဝေပေး လာပါတယ်။

 

 

မြင့်မြတ်ကတော့ အခုဆိုရင် ချစ်စရာကောင်းတဲ့ သားလေး မြတ်သူကို ပိုင်ဆိုင်ထားတဲ့ အပြင် သူ့ရဲ့ဇနီး မခင်သူအောင် ကလည်း နောက်ထပ် ကိုယ်ဝန်ကို လွယ်ဆောင် ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မြင့်မြတ်တို့ မိသားစုလေးကို ကြည့်ပြီး အပျော်တွေကူးစက် သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

 

Credit:Cele Connections
Cele Secrets

Be the first to comment

Leave a Reply

Your email address will not be published.


*