
အဆုတ် ကို သန့်စင်စေ မယ့် အစား အစာ (၁၀) မျိုး…
အဆုတ်ကျန်းမာရေးက ဘယ်လောက်အရေးကြီးလဲဆိုတာ အသက်ရှူတိုင်းသတိရနေသင့်တာပါ။ အသက်ကောင်းကောင်းရှူနိုင်မှအဆုတ်က ကျန်းမာမှာဖြစ်သလိုလေထုညစ်ညမ်းစေတဲ့အရာမှန်သမျှ အဆုတ်ရဲ့ရန်သူပါပဲ။ လေရှူသွင်းလိုက်တိုင်းကိုယ့်ပတ်ဝန်းကျင်လေထုထဲက အန္တရာယ်ရှိတဲ့အရာဝတ္တုတွေကို အဆုတ်က လက်ခံရရှိနေတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့်အဆုတ်ကိုသန့်စင်စေမယ့် အစားအသောက်တွေကိုရွေးချယ်ဖို့အရေးကြီးပါတယ်။ ဒါမှ အဖြစ်များတဲ့ရောဂါတွေကိုကာကွယ်နိုင်မယ်၊အဆုတ်ကိုအားကောင်းစေမယ်။ ပန်းနာရင်ကျပ်၊လေပြွန်ရောင်၊ အဆုတ်ရောင်တို့လို အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေဟာမဖြစ်အောင်ရှောင်လို့ရတဲ့ရောဂါတွေဖြစ်ပါတယ်။ ပုံမှန်လှုပ်ရှားမှုရှိမယ်၊လေထုညစ်ညမ်းတာတွေမရှူရှိုက်မိအောင်သတိထားမယ်၊ဆေးလိပ်မသောက်ဘူးဆိုရင် အများစုက ဒီရောဂါတွေကိုရှောင်နိုင်ပါလိမ့်မယ်။ ဒီအချက်တွေကို လိုက်နာနိုင်ဖို့က ကျန်းမာပြည့်စုံတဲ့အာဟာရအထောက်အပံ့ကို ရရှိနိုင်ဖို့အရေးကြီးပါတယ်။ ဒါ့ကြောင့် […]