(ယခုဆောင်းပါးပါဖော်ပြချက်များသည်မိမိစိတ်ကူးစိတ်သန်းများဖြင့်ရေးသားထားခြင်းမဟုတ်ဘဲ ဒေါက်တာ William F. Marshall ၏ဖြေကြားချက်များမှကောက်နုတ်ထားတာဖြစ်ပါတယ်)Coronavirus disease 2019 (COVID-19) လို့ခေါ်တဲ့ ထိုဗိုင်းရပ်ဟာ ဗိုင်းရပ်ပိုးရှိနေသူတစ်ဦးရဲ့ နှာချေခြင်း၊ချောင်းဆိုခြင်းနှင့်စကားပြောခြင်းကနေထွက်လာတဲ့အရည်စက်ကလေးတွေကနေတဆင့်လူတစ်ဦးနဲ့တစ်ဦးကူးစက်နိုင်တဲ့ရောဂါတစ်ခုဆိုတာအားလုံးသိရှိပြီးသားဖြစ်မှာပါ။ပြီးတော့ဗိုင်းရပ်ပိုးရှိတဲ့လူတစ်ယောက်ကထိတွေ့ထားတဲ့နေရာတွေမှာလည်းထိုဗိုင်းရပ်ဟာပျံ့နှံ့နေနိုင်ပါသေးတယ်။ဗိုင်းရပ်ပျံ့နှံနိုင်တဲ့အလားအလာရှိတဲ့ အချက်တွေအားလုံးကိုတော့ကျွမ်းကျင်သူတွေကအကုန်မသိရှိကြသေးပါဘူး။ဒါပေမယ့်လိုသူတို့တွေသိရှိထားကြတဲ့အချက်အလက်အချို့ကိုတော့ဒီဆောင်းပါးလေးထဲမှာဖော်ပြပေးသွားမှာလည်းဖြစ်ပါတယ်။ (၁)အစားအစာဘူးနဲ့အထုတ်များဒီနေရာမှာတော့ အစားအစာဘူးတွေနဲ့ အထုတ်တွေကိုထိမိပြီးတော့တစ်ယောက်တစ်ယောက်က ကိုဗစ်၁၉ကူးစက်ခံလိုက်ရတယ်ဆိုတဲ့သက်သေအထောက်အထားမျိုးတွေတော့မတွေ့ရသေးပါဘူး။စားသောက်ဆိုင်များစွာဟာလည်းယခုအချိန်မှာထိတွေ့ခြင်းမရှိတဲ့ပါဆယ်စနစ်ကိုသာကျင့်သုံးလာကြပြီး တဆင့်ပို့ဆောင်ခြင်းတွေကနေရောဂါကူးစက်နိုင်ခြေကိုလျော့နည်းစေလာတာကိုလည်းတွေ့ရပါတယ်။ဒါပေမယ့်သင့်အနေနဲ့ထိုစားစရာတွေအပေါ်ကိုစိုးရိမ်မှုတွေရှိနေသေးပါက ညွန်ကြားထားတဲ့လမ်းညွန်ချက်တွေအတိုင်းလိုက်နာဆောင်ရွက်နိုင်ပါတယ်။ထိုအစားအသောက်ဘူးကိုယူဆောင်ကာ သန့်ရှင်းစွာဆေးကြောထားနဲ့ပန်းကန်တစ်ခုထဲကိုထည့်ပြီးနောက် သင့်ရဲ့လက်အား ဆပ်ပြာနဲ့ရေကိုသုံးကာ စက္ကန့်၂၀ကြာအောင်ဆေးကြောခြင်းဖြင့်ကာကွယ်နိုင်ပါတယ်။အစားမစားခင်မှာလည်းလက်ကိုတစ်ခါပြန်လည်ဆေးကြောဖို့လိုပြီးထိုအစားသောက်ဘူးနဲ့ထိတွေ့ထားတဲ့နေရာတွေကိုလည်းသန့်ရှင်းပေးလိုက်ခြင်းအားဖြင့်ဗိုင်းရိပ်ကူးစက်မှုရန်ကနေကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ (၂)အိမ်မျက်နှာပြင်များအမေရိကန်အမျိုးသားကျန်းမာရေးဌာန […]