Shwe News

သိန္းတစ္ေသာင္းေက်ာ္ဘိုး သံဃိက ဒါန… လႉသတဲ့

ေညာင္ေရႊၿမိဳ႕ သာစည္ရပ္မွာ..ေနထိုင္တဲ့ အပ်ိဳႀကီး ညီအစ္မ သံုးေယာက္..ေဒၚလွခင္(၉၁) ႏွစ္.ေဒၚလွေဌး(၇၄)ႏွစ္.ေဒၚသန္းေဌး (၇၁)ႏွစ္တို႔က..ေညာင္ေရႊေစာ္ဘြားႀကီးဆာေဆာေမာင္ရဲ႕.အတြင္းဝန္ ဦးဖိုးလိႈင္၏ ေျမးမ်ား..ျဖစ္ၾကပါတယ္။

၁၉၁၃ ခုႏွစ္ကတဲကေဆာက္လုပ္ခဲ့တဲ့..ႏွစ္၁၀၅ ႏွစ္ၾကာျမင့္ခဲ့ၿပီျဖစ္တဲ့..ေပ ၁၅၀ ပတ္လည္ေလာက္က်ယ္ဝန္းတဲ့..သိန္းတစ္ေသာင္းေက်ာ္ကာလတန္ဘိုး႐ွိတဲ့..ဘိုးဘြားပိုင္အိမ္ျခံဝင္းးႀကီးကို..ေစတနာသံုးတန္ျပတ္သားစြာ..လႉခဲ့ၾကၿပီတဲ့။

လြန္ခဲ့တဲ့ ၂ ႏွစ္က..႐ွမ္းျပည္နယ္လံုးဆိုင္ရာ..စာျပန္ပြဲေတာ္ႀကီးအတြက္..ႏွစ္စဥ္ သံဃာအပါးေလးေထာင္နီးပါး.သီတင္းသံုးရန္.အလို႔ငွါ..ဓမၼာရံုအျဖစ္ သံဃိက ဒါန..ေရစက္ခ်လႉ ဒါန္းခဲ့တာပါတဲ့။

ဒီေန႔ က်မနဲ႔သူငယ္ခ်င္းမ်ားက..က်မတို႔ရဲ႕ေက်ာင္းအုပ္ျဖစ္ခဲ့ဘူးတဲ့.ဆရာမႀကီးေဒၚလွေဌးကို ဝါကြၽတ္ဦး.အမွတ္တရ သြားကန္ေတာ့ၾကရင္းလိႈက္လွဲဝမ္းသာလြန္းစြာ..သာဓုေခၚခဲ့ၾကပါတယ္။

ဆရာမႀကီးတို ့ကိုလဲ..အမ်ားသူငါ သာဓုေခၚေစဘို႔..ဒီပို႔စ္ေလးေရးခြင့္ျပဳရန္ခြင့္ေတာင္းလို႔..ဆရာမႀကီးတို႔က..၃၁ ဘံု သားတို႔အတြက္..ကုသိုလ္အမ်ွေပးပါသတဲ့…။ဒီ ႀကီးျမတ္ေသာ ကုသိုလ္အတြက္..မုဒိတာပြား သာဓုေခၚႏိုင္ၾကေစဘို႔..ေဝမ်ွလိုက္ပါတယ္..႐ွင့္။
Credit: ဆည္းဆာ ေတာင္ႀကီး

  • Unicode

ညောင်ရွှေမြို့ သာစည်ရပ်မှာ..နေထိုင်တဲ့ အပျိုကြီး ညီအစ်မ သုံးယောက်..ဒေါ်လှခင်(၉၁) နှစ်.ဒေါ်လှဌေး(၇၄)နှစ်.ဒေါ်သန်းဌေး (၇၁)နှစ်တို့က..ညောင်ရွှေစော်ဘွားကြီးဆာဆောမောင်ရဲ့.အတွင်းဝန် ဦးဖိုးလှိုင်၏ မြေးများ..ဖြစ်ကြပါတယ်။

၁၉၁၃ ခုနှစ်ကတဲကဆောက်လုပ်ခဲ့တဲ့..နှစ်၁၀၅ နှစ်ကြာမြင့်ခဲ့ပြီဖြစ်တဲ့..ပေ ၁၅၀ ပတ်လည်လောက်ကျယ်ဝန်းတဲ့..သိန်းတစ်သောင်းကျော်ကာလတန်ဘိုးရှိတဲ့..ဘိုးဘွားပိုင်အိမ်ခြံဝင်းးကြီးကို..စေတနာသုံးတန်ပြတ်သားစွာ..လှူခဲ့ကြပြီတဲ့။

လွန်ခဲ့တဲ့ ၂ နှစ်က..ရှမ်းပြည်နယ်လုံးဆိုင်ရာ..စာပြန်ပွဲတော်ကြီးအတွက်..နှစ်စဉ် သံဃာအပါးလေးထောင်နီးပါး.သီတင်းသုံးရန်.အလို့ငှါ..ဓမ္မာရုံအဖြစ် သံဃိက ဒါန..ရေစက်ချလှူ ဒါန်းခဲ့တာပါတဲ့။

ဒီနေ့ ကျမနဲ့သူငယ်ချင်းများက..ကျမတို့ရဲ့ကျောင်းအုပ်ဖြစ်ခဲ့ဘူးတဲ့.ဆရာမကြီးဒေါ်လှဌေးကို ဝါကျွတ်ဦး.အမှတ်တရ သွားကန်တော့ကြရင်းလှိုက်လှဲဝမ်းသာလွန်းစွာ..သာဓုခေါ်ခဲ့ကြပါတယ်။

ဆရာမကြီးတို ့ကိုလဲ..အများသူငါ သာဓုခေါ်စေဘို့..ဒီပို့စ်လေးရေးခွင့်ပြုရန်ခွင့်တောင်းလို့..ဆရာမကြီးတို့က..၃၁ ဘုံ သားတို့အတွက်..ကုသိုလ်အမျှပေးပါသတဲ့…။ဒီ ကြီးမြတ်သော ကုသိုလ်အတွက်..မုဒိတာပွား သာဓုခေါ်နိုင်ကြစေဘို့..ဝေမျှလိုက်ပါတယ်..ရှင့်။
Credit: ဆည်းဆာ တောင်ကြီး

About the author

ilove

Leave a Comment